What is Praise?

Praise ရဲ့ အဓိပ္ဗါယ် ဖွင့်ဆိုချက်

အင်္ဂလိပ် အဘိဓာန်ရဲ့ တိုက်ရိုက်ဘာသာပြန်ဆိုချက်ကတော့week1

1) Praise is an expression of approval or admiration.

Approval (သဘောတူတာ၊ လက်ခံတာ၊ အတည်ပြုတာ)  နဲ့ Admiration (လေးစားမှု၊ နှစ်ထောင်းအားရမှု၊ သဘောကျမှု) ကို ဖော်ပြမှု။ 

2) Praise is an expression of respect or gratitude as an act of worship.

Respect (လေးစားခြင်း) နဲ့ Gratitude (ကျေးဇူးတင်ခြင်း) ကို ကိုးကွယ်ခြင်း Worship အဖြစ် ဖော်ပြမှု။

ဒီနေရာမှာ သတိထားရမှာက Express ဆိုတဲ့ စကားလုံးပါ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာ၊ ခံစားချက်၊ အတွေး၊ အမြင်၊ စဉ်းစားမှု၊ ကို စကားလုံးအဖြစ် ဖော်ပြတာ၊ Making Knownသိမြင်အောင် လုပ်ဆောင်တာ ကို Express လုပ်တယ်လို့ ခေါ်ပါတယ်။

ချီးမွမ်းခြင်းကို နှလုံးသားထဲကနေပဲ လုပ်ဆောင်လို့ မရဘူးလား၊ အပြင်မှာ သိမြင်အောင်လုပ်ဖို့ လိုအပ်သလား?

ဘုရားသခင်ကို ချီးမွမ်းတယ်ဆိုတာ ကိုယ့်ရဲ့ ခံစားချက်၊ အတွေးအမြင်၊ စဉ်းစားမှု တွေကို

  1. ဘုရားသခင် သိမြင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါတင်မကပါဘူး…
  2. တခြားယုံကြည်သူတွေကို သင့်ရဲ့ ဘုရားအပေါ် ခံစားချက်ကို သိမြင်အောင်လုပ်ဆောင်တာဖြစ်တယ်။
  3. တခြား မယုံကြည်သေးတဲ့ သူတွေကိုလည်း သင့်ရဲ့ ဘုရားအပေါ် ခံစားချက်ကို သိမြင်အောင် လုပ်ဆောင်တာဖြစ်တယ်။
  4. ကောင်းကင်တမန်တွေကို သင့်ရဲ့ ဘုရားအပေါ် ခံစားချက်ကို သိမြင်အောင်လုပ်ဆောင်တာဖြစ်တယ်။
  5. မာနတ်ကိုလည်း သင့်ရဲ့ ဘုရားအပေါ် ခံစားချက် (သို့) သင့်ရဲ့ သခင်အစစ်ဟာ ဘယ်သူဖြစ်သလဲ ဆိုတာကို သိမြင်အောင်လုပ်ဆောင်တာဖြစ်တယ်။

ဘာကြောင့် လုပ်ရသလဲဆိုတော့ ချီးမွမ်းခြင်းက ပတ်ဝန်းကျင်ကို ရိုက်ခတ်ပါတယ်။ ကိုယ့်နှလုံးသားထဲကနေပဲ လုပ်ဆောင်ပြီး အပြင်မှာ သိမြင်အောင် မလုပ်ဆောင်ဘူးဆိုရင် အထက်က ဖော်ပြခဲ့တဲ့ ပတ်ဝန်းကျင်တွေကို ရိုက်ခတ်မှု ရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် Praise must be expressed. ချီးမွမ်းခြင်းက ဖော်ပြချက် မပါလို့ မရပါဘူး။

ချီးမွမ်းခြင်း ရဲ့ အကျိုးက ဘာလဲ?

တစုံတယောက်က မိတ်ဆွေကို “ဒီနေ့ အရမ်းကြည့်လို့ လှတယ်” လို့ ပြောရင် ဘယ်လိုခံစားရသလဲ။ စိတ်ဆိုးမာန်ဆိုးနဲ့ “ဘာတွေလာပြောနေတာလဲ၊ ဒီလောက်ရုပ်ဆိုးတာကို လာလိမ်မနေနဲ့” ဆိုပြီး တုန့်ပြန်ဖူးပါသလား။ ကိုယ့်မှာရှိသမျှ သွားတွေအားလုံးပေါ်အောင်ပြပြီး ” ကျေးဇူးပါ…ရောင်ပြန်ဟပ်တာပါ” ဆိုပြီး ပြန်ဖြေကြတာပဲ မဟုတ်လား။

ဘာကြောင့်လဲဆိုတော့ လူတွေဟာ ချီးမွမ်းခံရတာကို ကြိုက်လို့ဖြစ်ပါတယ်။ ကျောင်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် ကိုယ့်ဆရာသမားတွေက “အလုပ်လုပ်တာ သိပ်တော်တယ်၊ အားရတယ်” လို့ ပြောရင် စိတ်ဆိုးပြီး အလုပ်မသွား၊ ကျောင်းမသွားပဲ နေမှာလား။ မနေပါဘူး။ ပိုလို့တောင် လုပ်ပြဦးမယ် မဟုတ်လား။ လူတွေက ချီးမွမ်းခံရတာကို အင်မတန် နှစ်သက်ကြလို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဘုရားသခင်ကရော အဲဒီ ချီးမွမ်းခြင်း  (Praise) ကို နှစ်သက်သလား?

တကယ်တော့ ကိုယ့်ကိုချီးမွမ်းနေတဲ့ သူတွေက ကိုယ်အလုပ်လုပ်တာကောင်းတဲ့အချိန်၊ ၀တ်ကောင်းစားလှလေးတွေ ၀တ်တဲ့ အချိန်မှာသာ ချီးမွမ်းကြတာပါ။ ကိုယ်စာမေးပွဲမအောင်တဲ့ အချိန်မှာ၊ ကိုယ်အခက်အခဲကြောင့် မဆင်မပြေတဲ့ အချိန်မှာ သူတို့တွေက မချီးမွမ်းကြပါဘူး။ ဘာလိုလဲဆိုတော့ သူတို့က ကိုယ့်ရဲ့ အကောင်းဆုံးအချိန်ကိုပဲ စိတ်ဝင်စားကြတာဖြစ်ပါတယ်။ သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကိုသာ စိတ်ဝင်စားကြတာပါ။

ဒါပေမဲ့ သင်ကိုအချိန်တိုင်းမှာ စိတ်ဝင်စားတဲ့သူတဦးရှိတယ်။ သင့်ရဲ့ ဦးခေါင်းမှာ ဆံပင်ဘယ်နှစ်ချောင်းရှိသလဲဆိုတာကိုလည်း သိတဲ့သူဖြစ်တယ်။ သင်ကို နာမည်နဲ့တကွ သိတဲ့သူတဦးရှိတယ်။ သင့်ရဲ့ အပြစ်တွေအတွက် ကိုယ်တိုင်အသေခံပေးခဲ့တဲ့သူ ဖြစ်တယ်။ သင်မမွေးခင်ကတည်းက သင့်ရဲ့ အပြစ်တွေအတွက် ပေးဆပ်ပေးခဲ့သူဖြစ်တယ်။ အဲဒီသူကို ကျနော်၊ ကျမရဲ့ အပြစ်တွေအတွက် ကားတိုင်ပေါ်မှာ အသေခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကို်ယ်တော်လို့ မပြောသင့်ဘူးလား။

သင့်ရဲ့ ချီးမွမ်းသံကို သူသိပ် လိုချင်တယ်။ သိပ်ကြားချင်တယ်။ ကိုယ်ဘာမှတောင်မလုပ်ပေးရပဲနဲ့ သူများက ချီးမွမ်းရင် စိတ်ထဲမှာသိပ်ပျော်တယ်မဟုတ်လား။ သင့်အတွက် အသက်ပေးခဲ့တဲ့ သခင်ကို ချီးမွမ်းမယ်ဆိုရင် သူဘယ်လောက် ကျေနပ်ပျော်ရွှင်မလဲ စဉ်းစားကြည့်လို့ ရပါတယ်။

ဒါဆို ဘယ်အချိန်မှာ ဘုရားသခင်ကို ချီးမွမ်းရမှာလဲ?

နောက်သင်ခန်းစာ Week 2: What is a Sacrifice of Praise? ကို ဆက်ပြီး လေ့လာကြရအောင်။

ကျေးဇူးတော်၌

Myanmar Worship

no comment

Add your comment

Your email address will not be published.

%d bloggers like this: