TRUTH ABOUT ANGELS( ကောင်းကင်တမန်များ
အကြောင်း သမ္မာတရား)

နိဒါန်း
>လူကို မြင်ရသည့် ရုပ်လောကတွင် အသက်ရှင်ရန် ဖန်ဆင်းထားသည်။ ဤလောကတွင် မျက်မြင်မရသည့် အရာများစွာ ရှိသည်။ ဥပမာ- လျှပ်စစ်ဓါတ်၊ အသံလှိုင်းများ။
> မြေကြီးပေါ်ရှိတိုင်းနိုင်ငံများကို ဝိညာဉ်လောကက လွှမ်းမိုး
ကြီးစိုးနေသည်။ ဥပမာ- ယေဇ ၂၈း၁-၂၊ ၁၁-၁၉။
ဟဗြဲ ၁း၁၄
>အစေခံနံဝိညာဉ်

>ဟေဗြဲဘာသာဖြင့် Mal’ ach ၊ ဂရိဘာသာဖြင့် Angelos

သံတော်ဆင့်၊ သတင်းစကားသယ်ဆောင်သူ Messenger ဟု ဆိုလိုသည်။

ကောင်းကင်တမန်များ၏ မူလအစ

  • သူတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ဆာလံ ၁၀၃း၂၀-၂၁၊ ၁၄၈း၂။ ကောလောသဲ ၁း၁၆ ။
  • လူသားများကို မဆန်ဆင်းမီ၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းစဉ်က ဖန်ဆင်းခဲ့သည်။ ကမ္ဘာ ၁း၁။
  • ယောဘ ၃၈း၎-၇၊ ၁း၆ ဘုရားသခင်၏သားများ

ကောင်းကင်တမန် အရေအတွက်

  • အရေအတွက်ကို အတိအကျ မသိရပါ။
  • ဒံယေလ ၇း၁၀၊ ကုဋေသင်္ချေမက
  • ဟေဗြဲ ၁၂း၂၂ အတိုင်းမသိ များစွာသော (ရေတွက် တိုင်းတာ၍မရသော)
  • ဗျာဒိတ် ၅း၁၀၊ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော
  • ယောဘ ၂၅း၃ ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော
  • ၄ရာ ၆း၁၆ ငါတို့ဖက်မှာရှိသောသူ သူတို့ဖက်မှာရှိသူထက် ပိုများ
  • ဗျာဒိတ် ၁၂း၎ ကောင်းကင်တမန် သုံးစုတစ်စု

သဘောသဘာဝနှင့် ပုံပန်းသဏ္ဌာန်

(၁) အသိဥာဏ် (Intelligent) ရှိသည်။ စကားပြောဆို၍ အသိဥာဏ်ဖြင့် ဆက်သွယ်နိုင်သည်။

    • ၁ပေ ၁း၁၂- ကယ်တင်ခြင်းတရားကို စေ့စေ့ကြည့်ရှု၍ နားလည်လိုသည်။
    • ၁ကော ၁၃း၁- သူတို့မှာ ဘာသာစကားရှိပုံရသည်။
      • ၂ရာ ၁၄း၂၀ ကောင်းကင်တမန်တို့၏ပညာ

(၂) ခံစားချက် (Emotion) ရှိသည်။

      • လုကာ ၁၅း၁၀၊ အပြစ်သားနောင်တရလျှင် ဝမ်းမြောက်
      • လုကာ ၂း၁၃-၁၄၊ ယေရှုမွေးဖွါးချိန်တွင် ဝမ်းမြောက်

စိတ်ဆန္ဒ (WILL) ရှိသည်။

  • လူစီဖါနောက်လိုက်ရန် ဆုံးဖြတ်သောသူများ ရှိခဲ့သည်။
  • ယခင်က လွတ်လပ်သောဆန္ဒရှိခဲ့၍ ရွေးချယ်မှု ပြုခဲ့ကြပြီး ယခု နောက်ပြန်လှည့်၍ မရတော့ပါ။
  • သူတို့ အတွက် ကယ်တင်ခြင်းနှင့် နောက်တစ်ကြိမ်အခွင့် အရေး မရှိတော့ပါ။

(၃) ကိုယ်ခန္ဓာ ရှိသလော။

  • ကောင်းကင်တမန်များ၏ ကိုယ်ခန္ဓာအကြောင်း ကျမ်းစာက ပြောဆိုခြင်း မရှိပါ။
  • လူအသွင်ဖြင့် ထင်ရှားသလို ကောင်းကင်တမန်အသွင်ဖြင့် လည်း ထင်ရှားတတ်သည်။
  • ယောကျာ်းအသွင်ဖြင့်သာ ထင်ရှားပြီး ကောင်းကင်တမန် ဆိုသောစကားလုံးသည် ပုလ္လိင် (အထီး) ဖြစ်သည်။
  • ကောင်းကင်တမန်တိုင်းတွင် အတောင်ရှိသည်ဟု မဖေါ်ပြပါ
  • တန်ခိုးကြီးမားသည့် ပုံပန်းသဏ္ဌာန်ကိုသာ ကျမ်းစာတွင် တွေ့ ရသည်။ ၁ ရာချုပ် ၂၁း၁၆

ကောင်းကင်တမန် ထင်ရှားပြခြင်းများ

  • ကမ္ဘာဦး ၁၈း၁-၂
  • မဿဲ ၂၈း၃
  • လုကာ ၂၄း၎
  • တမန် ၁၂း၇-၁၀

FGATulsa Bible Study ,Feb 28,2016

Rev.Van Hnuai Kim

no comment

Add your comment

Your email address will not be published.

%d bloggers like this: