Tag: P&W Training

ချီးမွမ်းခြင်းယဇ်ပူဇော်ခြင်းဆိုတာဘာလဲ?

What is a Sacrifice of Praise?#Week 2 လူအများက ကောင်းကြီးခံစားရတဲ့ အချိန်၊ အဆင်ပြေတဲ့အချိန်မှာ ဘုရားရဲ့ ဂုဏ်တော်ကို ချီးမွမ်းတတ်ကြပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အရာဖြစ်ပါတယ်။ အိမ်သစ်တက်ပွဲ၊ မွေးနေ့ဆုတောင်း၊ အလုပ်အကိုင်အသစ်ရတယ်၊ လက်ကိုင်ဖုန်းအသစ်လေးဝယ်တဲ့အခါမှာ ချီးမွမ်းဖို့ သိပ်လွယ်ပါတယ်။ ဒါပေမယ့် အလုပ်ပြုတ်တဲ့အခါမှာ မိတ်ဆွေ အလုပ်ရတုန်းကအတိုင်း ချီးမွမ်းနိုင်မလား။ ဖုန်းအသစ်လေး ကျကွဲသွားတဲ့ အချိန်မှာရော ချီးမွမ်းနိုင်မလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို (သို့)တခြားသူတယောက်ကို အပြစ်တင်ငြီးတွားမိမှာလား။ Sacrifice ဆိုတာ ပေးဆပ်ခြင်း၊ အနှစ်နာခံခြင်းကို ပြောတာဖြစ်ပါတယ်။ ချီးမွမ်းခြင်းမှာ ပေးဆပ်မှု လိုအပ်ပါတယ်။ ပါးစပ်နဲ့ချီးမွမ်းတာကတော့ လွယ်ပါတယ်။ ဒါပေမယ့် ဒုက္ခရောက်တဲ့အခါမှာ ပါးစပ်နဲ့တောင် ချီးမွမ်းဖို့ အင်မတန် ခက်ခဲတတ်ပါတယ်။ အဆင်ပြေတဲ့ အချိန်မှ ချီးမွမ်းတယ်ဆိုတာဟာ ဘုရားပေးမယ့်ဆု […]

Read More

What is Praise?

Praise ရဲ့ အဓိပ္ဗါယ် ဖွင့်ဆိုချက် အင်္ဂလိပ် အဘိဓာန်ရဲ့ တိုက်ရိုက်ဘာသာပြန်ဆိုချက်ကတော့ 1) Praise is an expression of approval or admiration. Approval (သဘောတူတာ၊ လက်ခံတာ၊ အတည်ပြုတာ)  နဲ့ Admiration (လေးစားမှု၊ နှစ်ထောင်းအားရမှု၊ သဘောကျမှု) ကို ဖော်ပြမှု။  2) Praise is an expression of respect or gratitude as an act of worship. Respect (လေးစားခြင်း) နဲ့ Gratitude (ကျေးဇူးတင်ခြင်း) ကို ကိုးကွယ်ခြင်း Worship အဖြစ် ဖော်ပြမှု။ ဒီနေရာမှာ သတိထားရမှာက Express ဆိုတဲ့ စကားလုံးပါ။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အရာ၊ ခံစားချက်၊ […]

Read More

What is the presence of God?

မေးခွန်း ၁) မျက်မှောက်တော်ဆိုတာဘာလဲ? ၂) မျက်မှောက်တော် နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ? ဆွေးနွေးချက် မျက်မှောက်တော် ဆိုတာ The presence of God ဆိုတဲ့ ဘုရားသခင် အတူရှိနေခြင်း ကို ပြောတာဖြစ်ပါတယ်။ ကျွန်တော် ကျွန်မတို့ကိုးကွယ်တဲ့ဘုရားသခင်ဟာ Omniprecense (နေရာတိုင်းမှာ တချိန်တည်း ရှိနိုင်တဲ့) ဘုရားဖြစ်ပါတယ်။ သြစတြေးလျမှာ ရှိနေသလို၊  အမေရိက မှာလည်း ရှိနေတယ်။ ရန်ကုန်မှာ ရှိနေသလို လန်ဒန်မှာလည်း တချိန်တည်း တပြိုင်တည်းမှာ ရှိနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းစာက (မဿဲ ၁း၂၃) မှာ Immanuel ဧမာနွေလ ဘုရားဖြစ်ပါတယ်။ အနက်အဓိပ္ဗါယ်ကတော့ “God with us – ငါတို့နှင့် အတူရှိသောဘုရား” လို့ ဆိုလိုပါတယ်။ […]

Read More