Tag: Pastor Cung

Mother’s Day 2012 Myanmar Service#Pastor Cung

Pastor San Cung Nung @ Mother’s day 2012#Myanmar Service#Audio Version

Read More

အမှုတော်ဆောင်နှင့် ကိုယ်ကျင့်တရား

နိဒါန်း ယနေ့ဘုရားသခင်၏ အမှုတော်ဆောင်များစွာတို့ဥည် ဘုရားသခင်၏ ၀ိညာဉ်တော်တန်ခိုးကြောင့် အောင်မြင်မှုများစွာ ရရှိကြသည်။ နိုင်ငံတကာ အမှုတော် ဆောင် များနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာအရည်အချင်းများ၊ အတွေ့အကြုံများရှိကြသဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းခံရသော သင်းအုပ် ဆရာကြီးများ၊ ဧ၀ံဂေလိ ဆရာကြီးများစသည်ဖြင့် အမှုတော်မြတ်၌ ဦးဆောင်းနေကြသည်။ ဘုရားသခင် အင်မတန်မှ ကောင်းမြတ်တော်မူသဖြင့် ဂုဏ်ယူစရာများစွာ တွေ့ရသည်။ တစ်ချိန် တည်းမှာပင် ထိုအောင်မြင်မှုများနှင့်အတူ သတိပြုရမည့်အရာရှိနေသည်ကို အမှုတော်ဆောင်တိုင်း သတိပြုရန်လိုသည်။ ထိုအချက်မှာ “ကိုယ်ကျင့်တရား” ဖြစ်ပါသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ကိုယ်ကျင့်တရားသည် လူတစ်ယောက်နေ့စဉ်ပြုကျင့်သည် အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ်တရား၊ အလေ့အထစသည်တို့ဖြစ်သည်။ ကိုယ်ကျင့် တရားသည် ကိုယ်ပိုင်စည်းကမ်း၊ ဓလေ့ထုံးစံ နှင့်လည်း ဆက်နွယ်မှုရှိသည်။ ကိုယ်ပိုင်စည်းကမ်းရှိသောသူသည် ကိုယ်ကျင့်တရားရှိသောသူ ဖြစ်သည်။ လူတစ်ယောက် ၏ […]

Read More

ထာဝရဘုရား၏ စိတ်နှလုံးနှင့်ညီညွတ်သောသူ

လောကမှာ မိဘများ၏ စိတ်နှလုံးနှင့်ညီညွတ်သောသားသမီးတို့သည် မင်္ဂလာရှိကြပြီး၊ ကောင်းကြီး ခံစားကြသည်။ မိဘကို ချစ်တတ်သောသူ၊ မိဘစကားကို နာခံ သောသူ၊ မိဘမျက်နှာကို ရှာသောသူတို့သည် ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ခံစားထိုက်သောသူများ ဖြစ်ကြသည်။ ဒါဝိဒ်၏ အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က သူ့အား “စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ” ဟူ၍ နှစ်ကြိမ်ထူးခြားစွာ မှတ်တမ်းတင်ထား သည် (၁ ဓမ္မရာဇ၀င် ၁၃း၁၄။ တမန်တော် ၁၃း၂၂)။ ဒါဝိဒ်၌ အားနည်းချက်များစွာ ရှိသော်ငြားလည်း ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောသူတစ်ဦး ဖြစ်သည့်အကြောင်းကို သမ္မာကျမ်းစာ သွန်သင်သည့်အတိုင်း အနည်းငယ် ဖော်ပြလိုပါသည်။ ၁။ ဒါဝိဒ်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောသူဖြစ်သည် ဒါဝိဒ်သည် ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားသောသူ ဖြစ်သည် (ဟေဗြဲ ၁၁း၃၂-၃၄)။ […]

Read More

နောင်တ တရား

ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတဲ့ “နောင်တ တရား” အကြောင်းကို ဝေငှလိုပါတယ်။ နောင်တတရား ဆိုတာ ခရစ်ယာန်သြ၀ါဒသွန်သင်ချက်ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် အနည်းဆုံး ဟောတဲ့အချက်လည်း ဖြစ်ပါတယ်။ သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှုကြတဲ့ အချက်လည်း ဖြစ်ပါတယ်။သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှု ကြတဲ့အရာလည်း ဖြစ်ပါတယ်။ တစ်ချို့က နောင်တရ ရမယ်လို့ပြောရင် နောင်တရစရာ မလိုပါဘူးလို့ ပြန်ပြောမယ့်လူ ရှိပါလိမ့်မယ်။ ဒါပေမယ့် နောင်တ တရားဆိုတာ အရေးကြီးကြောင်းကို သမ္မာကျမ်းစာထဲမှာ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိအများဆုံးသုံးတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် နောင်တရ ခဲ့တာကို တွေ့ရပါတယ်။ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်လို့ဆိုပြီး လူတွေက နောင်တတရားကို ပေါ့ပေါ့တန်တန် ခံယူကြတယ်။ ဘာပဲလုပ်လုပ်ခွှင့်လွှတ်တယ်၊ ချစ်တယ် ဆိုပြီး နောင်တတရားကို သိပ်မပြောချင် ကြတော့ဘူး။ ဒါပေမယ့် […]

Read More

ယုံကြည်သူများ၏ အခွင့်အာဏာ

အိမ်ထောင်မိသားစုမှစ၍ လူမှုအဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ အသင်းတော်နှင့် အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတွင် တာဝန်ရှိသူများသည် အတိုင်းအတာတစ်ခုအထိ အာဏာထားတတ်ကြစမြဲ ဖြစ်သည်။ ထိုအာဏာကို မှန်ကန်စွာ အသုံးပြုတတ်ပါက အောင်မြင်မှုရရှိနိုင်သကဲ့သို့၊ မှားယွင်းစွာ သုံးစွဲမိပါက အာဏာအလွဲသုံးစားသည်ဟု သတ်မှတ်ခြင်းခံရသည်။ ထိုနည်းတူစွာ ယုံကြည်သူခရစ်ယာန်များသည်လည်း မိမိရရှိထားသော အခွင့်အာဏာကို အသုံးချတတ်သူများဖြစ်ဖို့ လိုအပ်ပါသည်။ အခွင့်အာဏာကို မည်သို့ရရှိနိုင်သနည်း သမ္မာကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ဘုရားသခင်သည် လူသားကို ဖန်ဆင်းသည့်အခါ “ပင်လယ်ငါးတို့ကို လည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ” ဟု အမိန့်တော်ရှိ၏။ ထို့အပြင် ဘုရားသခင်သည် သူ၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထးသော လူယောက်ျားနှင့် လူမိန်းမတို့ကိုလည်း “အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” […]

Read More