Burmese

Full Gospel Assembly International Ministry 

၁နှစ်ပြည့်  ဂျူဘီလီေ ကျေးဇူးတော် ချီးမွမ်းခြင်း 

Full Gospel Assembly International အသင်းတော်ကို ၁၀ နှစ်တိုင်တိုင် မစပို့ဆောင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ယခုတိုင်အောင် မစတော်မူသည့် ဧဗာနေဇာ ဘုရားသခင့် နာမတော် ဘုန်းကြီးပါစေ။ တူဆာမြို့ရှိအသင်းသားများနှင့်တကွ အွန်လိုင်းမှတဆင့် ပါဝင်ကိုးကွယ်ကြသူ အယောက်တိုင်းကို နှုတ်ခွန်းဆက်သလိုပါတယ်။ ရှလုမ်း။

ဘုရားသခင်ထံတော်ပါးမှလာသည့် ဝမ်းမြောက်ခြင်းသည် သင်တို့အပေါင်း နှင့်အတူ ရှိပါစေသော။ ဘုရားသခင်သည် မိမိ၏ အသင်းတော်ကို ဆက်လက်ပို့ဆောင်လျက် မိမိ ဘုန်းတော်ထင်ရှားစေဖို့ အသုံးပြုပါစေသော။ အာမင်။

အသင်းတော်စတင်ခဲ့ပုံ

Full Gospel Assembly International ကို The State of Oklahoma မှ ဒီဇင်ဘာ ၁၈၊ ၂၀၀၃ ခုနှစ်တွင် ခွင့်ပြုချက်လိုင်စင်ချပေးခဲ့ပါသည်။

အသင်းတော်စတင်ဖို့ ရန် ဘုရားသခင်၏ အလိုတော်ကို ဆက်လက် မေးလျှောက်ခဲ့ပြီး ၂၀၀၇၊ စက်တင်ဘာလတွင် တိကျသော လမ်းပြမှုကိုရရှိသောကြောင့် အသင်းတော်ကို စတင်ခဲ့ပါသည်။

အသင်းတော်ကို ၂၀၀၇၊ အောက်တိုဘာ ၇ရက်နေ့တွင် Holiday Inn (Mohawk Hall) 5000 E. Skelly Dr., Tulsa, OK, USA တွင် တရားဝင် စတင်ခဲ့ပါသည်။ ထိုနေ့တွင် မြန်မာလူမျိုးယုံကြည်သူ ၈၀ ခန့်ပါဝင် ဝတ်ပြုခဲ့ကြသည်။

အသင်းတော်၏အဓိကဆောင်ပုဒ်ကျမ်းပိုဒ်မှာမဿဲ၁၆း၁၈ဖြစ်သည်။

“ဤကျောက်အပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးတို့သည် ထိုအသင်းကို မနိုင်ရ။”

အသင်းတော်၏ဦးတည်ချက်များမှာ-

၁။ အမေရိကန်ပြည်ထောင်စုတွင် လာရောက်နေထိုင်ကြသည့် မြန်မာလူမျိုးများ အတူတကွ ဝတ်ပြုကိုးကွယ်ရန်၊ ဝန်လေး၍ပင်ပန်းသောသူများ စိတ်ဝိညာဉ် လန်းဆန်း လျက် လွတ်မြောက်ခြင်း ခံစားစေရန်။

၂။ ရရှိသောအလှူဘဏ္ဍာကို မြန်မာပြည်၏သာသနာလုပ်ငန်းအတွက် အသုံးပြုရန်။

၃။ ဝမ်းနည်းကြေကွဲစရာများတွေ့ကြုံသည့်အခါ အချင်းချင်းနှစ်သိမ့်သက်သာစေလျက် ဝမ်းမြောက်ရချိန်တွင် အတူတကွ ဝမ်းမြောက်ကြစေရန်။

၎။ အမျိုးမျိုးသော ဝတ်ပြုခြင်းအစီအစဉ်များ၊ ဟုမ်းဆဲများ၊ အစာရှောင်ဆုတောင်းခြင်း များဖြင့် အချင်းချင်း နွေးထွေးစွာ မိဿဟာယဖွဲ့ကြရန်။

အသင်းတော်စတင်သည့်နေ့မှစ၍  အမှုတော်ဆောင်ခဲ့သူများမှာ –

၁။ Rev. Dr. Dam Suan Mung – အကြီးသင်းအုပ်

၂။ Rev. Vung Za Niang – တွဲဖက်သင်းအုပ်နှင့် အတွင်းရေးမှူး

၃။ Rev. Pau Khan Mung – တွဲဖက် သင်းအုပ်

၎။ Pastor Bukai Ayarla – သင်းအုပ်

၅။ Pastor Thawng En Thang – သင်းအုပ်

၆။ Pastor Khin San Maw (တာဝန်မထမ်းဆောင်တော့ပါ)

၇။ Pastor Van Hnuai Kim – သင်းအုပ်

၈။ Pastor Gin Sawm Piang – သင်းအုပ်

အသင်းတော်တွင် အစောဆုံးအချိန်မှစ၍ အသင်းလူကြီးများ တာဝန်ယူခဲ့သူများ 

ဇူလိုင် ၂၆၊ ၂၀၀၉ တွင် အသင်းတော်တွင် အသင်းလူကြီး ၉ ယောက်ကိုခန့်ထားခဲ့သည်။ သူတို့မှာ-

 

၁။ Pa Cin Pau

၂။ Pa Lian Go Pau

၃။ Pa En Khan Khai

၎။ Pa Kham Kap Thang

၅။ Pa Langh Khan Thawng

၆။ Pa Ngin Do Khup

၇။ Pa Sing Za Lian

၈။ Lian Bawi

၉။ Lun Bawi

အသင်းလူကြီး တစ်ဦးသည် ၃ နှစ် တာဝန်ထမ်းဆောင်ပြီး သူတို့ကို ၃ နှစ်တစ်ကြိမ် ရွေးချယ်သည်။ လွန်ခဲ့သော ၁၀နှစ်တာအတွင်း အသင်းလူကြီး အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့သောသူ အယောက်တိုင်းကို အထူး ကျေးဇူးတင်ရှိပါသည်။

အသင်းတော်၏ ကလေးသာသနာတွင် ၂၀၀၇မှ၂၀၁၇အတွင်းပါဝင် ဆက်ကပ်ကြသူများမှာ-

၁။ Siamah Kim No (တာဝန်ခံ)

၂။ Siamah Lun Nu

၃။ Siamah Nem Huai (တာဝန်မထမ်းဆောင်တော့ပါ)

၎။ Siamah Ciin No

၅။ Siamah Lamh Nu

၆။ Siamah Saan Lun (တာဝန်မထမ်းဆောင်တော့ပါ)

၇။ Siamah Cing No

၈။ Siamah Vung Boih

ဆယ်ကျော်သက်ကျမ်းစာသင်တန်း (ကာလက်အဖွဲ့) ကို ဦးဆောင်သင်ကြားပေး သော Dr. Dim San Nuam (Nuam Pi) ကို အထူးကျေးဇူးတင်ရှိပါသည်။

နံနက်လူကြီးကျမ်းစာ သင်တန်းကိုလည်း အမှုတော်ဆောင်များက အလှည့်ကျ သင်ကြားပေးနေပါသည်။ ကျမ်းစာသင်တန်းကို တနင်္ဂနွေမနက် ၉ နာ၇ီမှ ၉နာရီ ၄၅ မိနစ်အထိ ဇိုမီးနှင့် မြန်မာဘာသာဖြင့် သင်ကြားပေးလျက်ရှိပြီး အွန်လိုင်းမှလည်း နောင် တွင် ကြည့်ရှုနိုင်ပါသည်။

၂၀၀၇မှ၂၀၁၇အထိအသင်းတော်၏ဘဏ္ဍာရေးမှူးများ 

၁။ Rev. Pau Khan Mung – ၂၀၀၇ မှ ၂၀၁၁

၂။Pa Ngin Suan Mung – ၂၀၁၂ မှ ၂၀၁၃

၃။Pa Dal Suan Kham – ၂၀၁၄ မှ ၂၀၁၅

၎။ Pa Vungh Thawn Mang – ၂၀၁၆ မှ ၂၀၁၇

လွန်ခဲ့သော ၁၀နှစ်တာအတွင်း လူကိုယ်တိုင်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ သစ္စာရှိစွာ အလှူငွေဖြင့် ပါဝင်ပေးလှူကြသော ယုံကြည်သူ အယောက်တိုင်းကို ဘုရားသခင်သည် ကြွယ်ဝစွာ ကောင်းကြီးချပေးပါစေ။ အသင်းတော်၏အလှူငွေကို နှစ်စဉ်မှတ်တမ်းတင်ပြီး ဘဏ္ဍာရေးမှူးများက နှစ်စဉ် တင်ပြနေသောကြောင့် ၄င်းကို အွန်လိုင်းတွင် ဖေါ်ပြမည် မဟုတ်ပါ။ သိရှိလိုပါက ဘဏ္ဍာရေးမှူးထံတွင် မေးမြန်း နိုင်ပါသည်။ ဘဏ္ဍာရေးမှူးအဖြစ်တာဝန် ထမ်းဆောင်ပေးခဲ့သူတိုင်းကို အသင်းတော်အနေဖြင့် အထူး ကျေးဇူးတင်ရှိပါသည်။

အသင်းသားလျှောက်လွှာကို အသင်းတော်စတင်သည့် ၂၀၀၇ ခုနှစ်တွင် မပြုလုပ် ခဲ့သေးဘဲ ၂၀၀၈ ခုနှစ်မှသာ စတင် အသုံးပြုခဲ့ပါသည်။

၁၀ နှစ်တာအတွင်း အသင်းစာရင်း

အောက်တိုဘာလ ၈ ရက်၂၀၁၇ စာရင်းအရ အသင်းသား မိသားစု ၂၃၃ စုနှင့် လူဦးရေ စုစုပေါင်း ၉၇၇ ဦး ရှိပါသည်။၂၀၀၇ မှ ၂၀၁၇ အောက်တိုဘာ ၇ ရက်အထိတွင်မိသားစုအမ်ဝယ်ယူပြီးသည့်မိသားစု ၈၇ စု ရှိပြီး ထိုအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။အခြားသူများလည်းနေအိမ် ဝယ်ယူနိုင်မည်ဟု ယုံကြည်ပါသည်။

၂၀၁၇ ခုနှစ်တွင် အချိန်ပေးနိုင်သည့်အမှုတော်ဆောင်များမှ အသင်းသားအိမ်များသို့ နှစ်သစ်ဆုတောင်းကောင်းကြီးပေးရန် သွားရောက်ခဲ့ကြကာ ၁၀နှစ်တာအသင်းသား စာရင်းကို ကောက်ယူခဲ့ကြပါသည်။သွားရောက်စဉ်တွင် လူမရှိသည့်အိမ်များ ရှိသလို လိပ်စာမရှိသည့်သူများလည်းရှိပါသည်။

အသင်းသားများစာရင်းကိုကွန်ပြူတာဖြင့် မှတ်တမ်းတင်လျက် စာရင်းပြုစုပေးသော Pa Cin Pau ကို အထူး ကျေးဇူးတင်ရှိပါသည်။ အသင်းသားများ၏အမည်စာ ရင်းနှင့်            မွေးနေ့များကို စာအုပ် ဖြင့် မှတ်တမ်းထားရှိသလို ကွန်ပြုတာတွင်လည်း ဖိုင်တွဲဖြင့် သိမ်းဆည်းထားပါသည်။လုံခြုံရေးအရ အသင်းသားစာရင်းကိုအွန်လိုင်း တွင် ကြေညာခြင်း၊ စာဖြင့် ဖြန့်ဝေခြင်းမပြုသော်လည်း အသင်းသားများမှသိလိုလျှင် စုံစမ်းမေးမြန်းနိုင်ပါသည်။

သာရေးနာရေးကိစ္စရပ်များ 

လွန်ခဲ့သော ၁၀နှစ်အတွင်းတွင် အသင်းသားလူငယ် ၆ ယောက်ကွယ်လွန်ခဲ့ကြ ပြီး အသင်းတော်၏ ၁၀နှစ်ပြည့်အထိမ်းအမှတ်တွင် သူတို့ကို အထူးသတိရအောက်မေ့ ကြပါသည်။ ဘုရားသခင်သည် ဝမ်းနည်းပူဆွေးသောသူ အယောက်တိုင်းကို နှစ်သိမ့် ပါစေသော်။

၁၀ နှစ်အတွင်းတွင် မင်္ဂလာဆောင်သော အသင်းသား ၁၄ ဦးရှိခဲ့ပါသည်။ လူ ၆၈ ယောက်တို့သည် ခရစ်တော်ကို ယုံကြည်လက်ခံလျက် ရေနှစ်ခြင်းခံခဲ့ကြပါသည်။ အသင်းတော်တွင် ဝိညာဉ်ရေးလန်းဆန်းခြင်းကို ခံစားကြရပြီး ယခုထက်တိုင်အောင် အရှိန်တောက်လောင်နေဆဲ ဖြစ်ပါသည်။ ဤအမှုသည် ဘုရားသခင်၏ဘုန်းတော် ထင်ရှားဖို့သာ ဖြစ်ပါစေ။

ဝတ်ပြုခြင်းအစီအစဉ်များ 

အသင်းတော်ကို ၂၀၀၇ တွင် စတင်ချိန်၌ ဇိုမီးနှင့် မြန်မာဘာသာဖြင့် ဝတ်ပြုကိုး ကွယ်ခဲ့ပါသည်။ ဇိုမီးအစီအစဉ်ကို မနက် ၁၀ နာရီမှ နေ့လည် ၁ နာရီတွင် ၄င်း၊ မြန်မာ အစီအစဉ်ကို နေ့လည် ၂ နာရီမှ ၄ နာရီ တွင် ၄င်း ပြုလုပ်ကြပါသည်။ မြန်မာအစီအစဉ် ကို ဦးဆောင်ပေးသည့် ဆရာမဘူကိုင်အပေါ် ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။ အမျိုးသမီး မိဿဟာယကို ၂၀၀၉၊ ဇွန်လ ၆ ရက်နေ့တွင် စတင်ခဲ့သည်။

အမျိုးသမီး ဥက္ကဌလုပ်ဆောင်ပေးခဲ့ကြသူများ Nu Pum Ngaih Niang၊ Nu Man Nuam Nel နှင့် တကွ အမျိုးသမီးဆုတောင်းခြင်းများ၊ အလှူငွေဖြင့် ပါဝင်သူများကို ကျေးဇူး တင်ရှိပါသည်။ အမျိုးသမီးဆုတောင်ခြင်းကို အင်္ဂါနေ့ညနေတိုင်းတွင် ပြုလုပ်ကြပါသည်။ လက်တစ်ဆုပ်စာဆန်များ၊ စုဗူးများဖြင့် သာသနာပြုနှင့် မိဘမဲ့ကလေးများကို လည်း ထောက်ပံ့ကြပါသည်။ ပါဝင်ဆက်ကပ်သူများ၊ ရက်ရောစွာပေးလှူသူများကို အထူးကျေးဇူးတင်ရှိပါသည်။

လူငယ်အစီအစဉ်ကို ၂၀၀၉ ၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်ခဲ့သည်။ Gin Do Khup, Ngin Za Khai, Ciang Pi, Hon Pi, Lian Cin Thang နှင့် လူငယ်ခေါင်း ဆောင်များအားလုံးကို ကျေးဇူးတင်ပါသည်။ သံစုံသီချင်းခေါင်းဆောင် Pa En Khan Nang, Mung Tawng နှင့်တကွ ပါဝင်သီဆိုသူအားလုံးကို ကျေးဇူးတင်ပါသည်။

အသင်းတော်တွင် အင်္ဂလိပ်ဘာသာဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၁၄၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့ပါသည်။ အခြားနိုင်ငံသားများလည်း တခါတရံ လာရောက် ပါဝင်      ကြပါသည်။

အသင်းတော်၏လှုပ်ရှားမှုများ

၂၀၀၇ ခုနှစ်မှစ၍ အသင်းတော်တွင် ၁၀နှစ်တာလုံး နည်းလမ်းအမျိုးမျိုးဖြင့် အစေခံခဲ့ကြသူများကို ကျေးဇူးတင်ပါသည်။ မီဒီယာအဖွဲ့သားများ၊ တေးဂီတအဖွဲ့ သားများ၊ sound system ကို ကိုင်တွယ်ပေးသူများ၊ ပါဝါပွိုင့် ကိုင်တွယ်ပေးသူများ၊ ချီးမွမ်းကိုးကွယ်ခြင်း အဖွဲ့သားများကို ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။ ဘုရားသခင်က ကြွယ်ဝစွာ ကောင်းကြီးချ ပေးပါစေ။ အသင်းတော်ကိစ္စ အဝဝကို လိုအပ်သလို အမြဲပါဝင် ကူညီကြသော Cin Kap, Kap Pi, Thang Pi နှင့် မိတ်ဆွေများကို အထူးကျေးဇူးတင်ပါသည်။ အခြား အမည်မဖေါ်ပြသည့် ယုံကြည်သူ အယောက်တိုင်း၏ ဆက်ကပ်မှု ၊ အစေခံမှုများ ကို အသိအမှတ်ပြုပါသည်။

အသင်းတော်တွင် မိမိ ပညာဖြင့် တတ်အားသရွေ့ ပါဝင်သူများကို ကျေးဇူး တင်ပါသည်။  Suum Pi နှင့် မီဒီယာ အဖွဲ့သားများ၊ sound system၊ ပါဝါပွိုင့် ကိုင် တွယ်ပေးသူများ၊ မီးသမားများကို အထူးကျေးဇူးတင်ပါသည်။ ကားပါကင်တွင် အာရှာ လုပ်ပေးကြသူများကို လည်း ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါသည်။

အသင်းတော်တွင် The Good Samaritan ဆေးခန်းကိုဖွင့်လှစ်ခဲ့ပြီး လူနာများ စွာ ကျန်းမာခြင်းခံစားခဲ့ကြသည်။ စေတနာ့ဝန်ထမ်းအဖြစ် အစေခံပေးခဲ့သော ဆရာဝန်များ၊       သူနာပြုများ၊ စကားပြန်များ၊ မှတ်ပုံတင်စာရင်းသွင်းပေးသူများ၊ နေရာချထားပေး သူများကို အထူးကျေးဇူးတင်ရှိပါသည်။

အသင်းတော်တွင် ဟုမ်းဆဲ နေရာ ၁၁ ခုရှိသည်။ ဟုမ်းဆဲ တွင် ဦးဆောင်ပေးသူ များကို ကျေးဇူးတင်ပါသည်။ မာလခိ ၃း၁၆ က ပြောသလိုပင် ဘုရားသခင်သည် သင်၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်လျက် ကောင်းကြီးချပေးပါစေ။ အာမင်။

အသင်းတော်အဆောက်အဦနှင့် ကားဝယ်ယူခြင်း 

အသင်းတော်အဆောက်အဦနှင့် သင်းအုပ်နေအိမ်ကို ဒေါ်လာ ၉၀၀၀၀၀ ဖြင့် ၂၀၁၁ သြဂုတ် ၁၁ ရက်တွင် ဝယ်ယူခဲ့သည်။ အဆောက်အဦကို ၂၀၁၁၊ အောက်တို ဘာ ၃၀ ရက်တွင် ဆက်ကပ်အပ်နှံခဲ့သည်။ အသင်းတော်ဝယ်ယူရန် ရက်ရောစွာပေးလှူ သူတိုင်းကို ကျေးဇူးတင်ရှိပါသည်။ အသင်းတော်ဝယ်ယူစဉ်က ကူညီပေးခဲ့သော Sizang Burmese Mission Church Maryland ကို လည်း ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါ သည်။ သစ်ပင်၊ ပန်းပင်များစိုက်ပျိုးလျက် ရေလောင်းပေးပြီး ထိန်းသိမ်းပေးသည့် Pa En Khan Nang နှင့် မိသားစုကို ကျေးဇူးတင်ပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။

အသင်းတော်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးကို လုပ်ဆောင်ပေးခဲ့သူများကို လည်း ကျေးဇူးတင်ပါသည်။ ၂၀၁၁ သြဂုတ်လမှ ၂၀၁၂ မတ်လ အထိ Pa Neng Kho Hau၊ ၂၀၁၂ ဧပြီလမှ ၂၀၁၅ ဧပြီလအထိ Nu Ciang Thian Vung၊ ၂၀၁၇ မေလမှစ၍ Pa Cin Lam Khai မိသားစုက ဆက်ကပ်ပါဝင်ခဲ့ပါသည်။

အသင်းတော်ပိုင်ကား (၂၀၀၇ မော်ဒယ်) ကို ၂၀၁၂ မေလ ၁၅ ရက်တွင် ဒေါ်လာ ၁၄၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ ၂၀၁၆ တွင် ၂၀၁၅ မော်ဒယ်ကားတစ်စီးကိုလည်း ဒေါ်လာ ၂၃၀၀၀ ဖြင့် ထပ်မံဝယ်ယူခဲ့ပါသည်။ အသင်းတော်ကားများကို မောင်းနှင်ထိန်းသိမ်းပေး သည့် En Sian Mung, Kam Lianta, Lian Bawi, Cin Kap နှင့် အခြားသူများ အပေါ်တွင်လည်း အထူးကျေးဇူးတင်ရှိပါသည်။

အစာရှောင်ဆုတောင်းခြင်း

အသင်းတော်၏ အစာရှောင် ဆုတောင်းခြင်းကို စနေနေ့ ၁၁ နာရီမှ ၁ နာရီ အထိပြုလုပ်ခဲ့ ပါသည်။ ဆယ်နှစ်တာ ဆုတောင်ခြင်းကို ပို့ဆောင်ပေးသည့် ဘုရား သခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ယခုတွင် ပုံမှန်ပါဝင်သူ အယောက် ၁၀၀ ကျော်ရှိပြီး ဆုတောင်းခြင်းအားဖြင့် ရုံးကိစ္စ အခက်အခဲများ ပြေလည်ခြင်း၊ အလုပ် အကိုင်ရရှိခြင်း၊ မလေးရှားမှ မိသားစုများ ရောက်ရှိလာခြင်း၊ အနာရောဂါများ ပျောက် ကင်းခြင်းကို ခံစားကြရသည်။

သာသနာလုပ်ငန်း

ဆယ်ပို့တစ်ပို့၏ ၁၀% ကို မြန်မာပြည်ရှိ သာသနာလုပ်ငန်းကို ထောက်ပံ့ရန် အသုံးပြကြပါသည်။ သာသနာနယ် ၄၀ ကို မြေဝယ်ယူခြင်းမှစ၍ အမျိုးမျိုးသော လိုအပ် ချက်များအတွက် ကူညီထောက်ပံ့ကြပါသည်။ ရန်ကုန် FGA အသင်းတော်၏မြေကွက် ဝယ်ယူခြင်းအတွက်လည်း ပါဝင်ထောက်ပံ့ခဲ့ပါသည်။

နှစ်စဉ်နှစ်တိုင်း FGBTC ကျောင်းသား ၄၀ ကို ထောက်ပံ့နေပါသည်။ မြန်မာနိုင်ငံ မှ လာရောက်ကြသော အမှုတော်ဆောင်များကိုလည်း အလှူငွေဖြင့် ပံ့ပိုးကူညီပါသည်။

FGAI မှ အမှုတော်ဆောင်များနှင့် အသင်းသားများသည် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အမှုဆောင်လျက် ဝေငှ ဟောပြောကြပါသည်။

နိဂုံး

Tulsa FGAI အသင်းတော်တွင် ပါဝင်လက်တွဲရန် ရွေးချယ်ခဲ့သူ အယောက်တိုင်း ကို ကျေးဇူးတင်ပါသည်။ သင့်အနေဖြင့် ပါဝင်နိုင်သည့် အသင်းတော်များစွာ ရှိသော် လည်း ဤအသင်းတော်တွင် ပါဝင်ရန် ရွေးချယ်ခြင်းအတွက် ကျေးဇူးတင်ပါသည်။ အယောက်တိုင်းကို ခရစ်တော်နာမ၌ ချစ်ကြောင်း၊ သတိရပါကြောင်း ဖေါ်ပြလိုပါသည်။ အသင်းတော်နှင့် လက်တွဲပါဝင်ခြင်း၊ မိဿဟာယဖွဲ့ခြင်းအားဖြင့် သင့်အသက်တာတွင် ဝန်လေးပင်ပန်းနေမှုများမှ သက်သာရ၍ ဝိညာဉ်ရေး လန်းဆန်းမှု ခံစားစေရန် ဆုတောင်းပါသည်။ ကျွန်ုပ်တို့၏ လက်တွဲ လုပ်ဆောင်ခြင်း အားဖြင့် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်ပါစေသော်။ အယောက်တိုင်းအတွက် အကောင်းဆုံးနေ့ရက်များ ရောက်ရှိလာအုံးမည်ဟု ယုံကြည်ပါသည်။

အထူးသဖြင့် ယခုတိုင်အောင် မစပို့ဆောင်သော ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းပါသည်။ အာမင်။

“ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီ”

၁ ဓမ္မ ၇း၁၂

နာမတော်မြတ်၌

Rev. Vung Za Niang

တွဲဖက် သင်းအုပ်နှင့် အသင်းတော်အတွင်းရေးမှူး

Full Gospel Assembly International Ministry