|
အင်တာနက်အားဖြင့် လူများသည် ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း |
|
|
|
|
Written by Admin
|
|
Monday, 03 October 2011 18:44 |
|
The Billy Graham Evangelistic Association သည် အင်တာနက်အားဖြင့် လူများသည် ခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်းကို တွေ့ရှိနိုင်ရန် ကူညီပေးနေသည်။ ၎င်း ယူအက်စ် အခြေစိုက် သာသနာလုပ်ငန်းသည် လွန်ခဲ့သည့် ဧပြီလတွင် အင်တာ နက်ဧ၀ံဂေလိအစီ အစဉ်ကို စတင်ပြီး ထောင်ပေါင်းများ စွာသော အင်တာနက်သုံးသူများသည် ခရစ်တော်ထံ ဆက်ကပ်အပ်နှံ လိုကြသည်ဟု ဖော်ပြသည်။
၎င်းင်းအစီအစဉ်သည် လူများမေးမြန်းသည့်မေးခွန်းကြီးများကို ဖြေကြားရန် အတွက် အွန်လိုင်းပို့ချမှုနှင့် လမ်းညွှန်မှု များအားဖြင့် သတင်းကောင်းမိတ်ဆက်ခြင်းကို ပြုလုပ်ပေးသည်။ နေ့တိုင်း လူများသည် အဖြေရရန်အတွက် အွန်လိုင်းတွင် ရှာဖွေကြသည်ဟု BGEA လုပ်ငန်း၏လက်ထောက် ဥကဋ္ဌ Preston Parrish ကပြောကြားသည်။ လိုအပ်သည့်အချိန်တွင် ယေရှု ခရစ်နှင့်မိတ် သဟာယဖွဲခြင်းအားဖြင့် ရရှိသည့်မျှော်လင့် ချက်ဖြစ်သည့် ကမ္ဘာပေါ်တွင်တစ်ခုတည်းသောမျှော်လင့်ချက်ကို ကျွန်ုပ်တို့ ပြောပြ နေခြင်းဖြစ်သည်။၎င်းင်းအစီအစဉ်သည်"What happens when I die?" ငါသေရင် ဘယ်သွားရမလဲ။ "Why I am here ? "ငါဘာကြောင့် ဒီမှာရှိနေရတာလဲ။...စသည့် မိမိရှာဖွေလိုသည့်မေးခွန်းများကိုဖော်ပြသည့် သင့်လျှော်သောစာမျက်နှာ များကို ပြောပြခြင်းဖြင့် အလုပ်လုပ်ပါသည်။
BGEA သည် မိမိတို့မေးခွန်းများနှင့်ပတ်သက်ပြီး ၀ိညာဉ်ရေးရာရှာဖွေသည့်လူများနှင့် အွန်လိုင်းပေါ်တွင် တိုက်ရိုက်စကား ပြောနိုင်မည့် E- Counsellers ကို လာမည့်လများတွင် ထားရှိရန် ထပ်မံစီစဉ်ထား ပါသည်။ တပည့်တော်ဖြစ်ခြင်း နည်းပြ မျာသည် ခရစ်တော်ထံဆက်ကပ်အပ်နှံပြီးသောသူများကို Follow-up သင်တန်း ပေးရန်နှင့် မိမိတို့ နေရာတွင်အသင်းတော်ကို ရှာဖွေရန်အတွက် တိုက်တွန်းအားပေးမည်ဖြစ်သည်။
ယနေ့ မျိုးဆက် လူများ သည် အင်တာနက်ပေါ်တွင် အသက်ရှင်သည် Parrish ကပြောကြားသည်။ သမိုင်းဝင်နည်းဗျူဟာဖြစ် သည့်လူများရှိသည့်နေရာများဖြစ်သည့် အားကစားရုံများ၊ လူထုများစည်းဝေးသည့် နေရာများသို့ သွားရောက်သကဲ့သို့ပင် ကျွန်ုပ် တို့သည် ဘုရားသခင်ချစ်ခြင်မေတ္တာ အကြောင်း သတင်းကောင်း၊သူကမ်းလှမ်းသည့်ခွင့်လွှတ်ခြင်းနှင့် ခရစ်တော်ကို
ယုံ ကြည်ခြင်းကြောင့်ထာဝရအသက်ကို အင်တာနက်နယ်ပယ်ကြီးထဲ တွင် ထို့အတူ လုပ်ဆောင်ခြင်း ဖြစ်သည်။
Source:Steam Of Life
|