Start fromJune 1,2011

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday490
mod_vvisit_counterYesterday4147
mod_vvisit_counterThis week490
mod_vvisit_counterLast week29561
mod_vvisit_counterThis month91080
mod_vvisit_counterLast month142238
mod_vvisit_counterAll days1202523
Father's day PDF Print E-mail
Written by Admin   
Saturday, 18 June 2011 07:19

 

 
(အဖေနာမည်- Dick Hoyt) (သားနာမည် – Rick Hoyt) ဒီသားအဖ နှစ်ဦးဟာ တာဝေး အပြေးသမားတွေပါ။ (၂၅)နှစ် အတွင်းမှာ စုစုပေါင်း မိုင် ၃၇၇၀ ကို သူတို့ ပြေးခဲ့ပြီးပါပြီ။ (၇၈)ကြိမ်မြောက် သုံးခုစပ် မာရသွန်၊ (၆၄)ကြိမ်မြောက် မာရသွန်၊ (၂၄)ကြိမ်မြောက်၊ နာမည်ကြီး Boston မာရသွန်၊ (၂ဝ)ကြိမ်မြောက် Duathlons………
သား Rick ဟာ စကား မပြောတတ်သလို လမ်းလဲ မလျှောက်တတ်သူပါ။ ၁၉၆၂နှစ်မှာ သူ့ကို မွေးဖွားတုန်းက လည်ပင်းမှာ ချက်ကြိုးပတ်ပြီး မွေးလာခဲ့မိတဲ့အတွက် ဦးနှောက် အောက်စီဂျင် မရဘဲဖြစ်ခဲ့တယ်။ သားဟာ လူသေတယောက်လို ဖြစ်နေပါပြီ ဘာမှ
မျှော်လင့် မနေပါနဲ့တော့လို့ ဆရာဝန်က သူတို့ လင်မယားကို ပြောခဲ့တယ်။ သားဟာ ဘီးတပ် ကုလားထိုင်ပေါ်မှာပဲ တစ်သက်လုံး စံမြန်းရတော့မှာပါ။ သား ၈လ အရွယ်ရောက်တော့ Dickနဲ့ သူ့ဇနီး Judy ကို “မပြော မလှုပ်နိုင်တဲ့ သားကို ကုသရေး ငှာနကိုပဲ ပို့လိုက်ပါလို့” ဆရာဝန်က ပြောခဲ့တယ်။

ဒါကို သူတို့လင်မယားက သဘောမတူခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထဲမှာသူတို့ သွားလာလှုပ်ရှား နေတာကို သားဖြစ်သူက မမှိတ်မသုန် စိုက်ကြည့်နေတတ်လို့ ပါပဲ။ (၁၁)နှစ် အရွယ်ရောက်တော့ သားကို (Tufts University) ရဲ့ အင်ဂျင်နီယာ ငှာနကို သူတို့ ပို့ခဲ့ကြတယ်။ အကြောင်းက သားနဲ့ သူတို့ကြားမှာ အဆက်အသွယ် လုပ်ပေးနိုင်တဲ့ အရာများ ရှိနိုင်မလားလို့ သွားရောက် မေးမြန်းခြင်းပါ။ ရရှိလာတဲ့ အဖြေကတော့ “မဖြစ်နိုင်ဘူး… သူ့ရဲ့ဦးနှောက်က သေနေပြီ” ပဲဖြစ်တယ်။

“သားကို ရယ်စရာတွေ ပြောပြရအောင်”လို့ အဖေဖြစ်သူက အကြံ ပေးခဲ့တယ်။ သူတို့ ရယ်စရာတွေ ပြောတော့ သားဟာ ရယ်လာပါတယ်။ ဒါဟာ သူ့ဦးနှောက် လုံးဝ မသေကြောင်းကို သက်သေပြတာပဲလို့ သူတို့ ယုံကြည်ခဲ့တယ်။ သူ့ရဲ့ ချိနဲ့တဲ့ ဦးနှောက် အတွေးတွေကို ချရေးနိုင်ဖို့ အထူးကွန်ပြူတာ တစ်လုံးကို သူတို့ ဖန်တီးခဲ့ကြတယ်။ နောက်ဆုံး Rick ပြင်ပနဲ့ ဆက်သွယ်လို့ ရခဲ့ပါပြီ။

Rick (၁၅)နှစ် အရွယ်ရောက်တော့ အတန်းထဲက ကျောင်းသားတဦး မတော်တဆ သေဆုံးသွားခဲ့တယ်။ သေဆုံးသွားတဲ့ ကျောင်းသားအတွက် အပြေးပြိုင်ပွဲ လုပ်ပြီးရန်ပုံငွေ ကောက်ခံ ခဲ့တယ်။ “အဖေ သားလဲ ၀င်ပြိုင်ချင်တယ်” လို့ ကွန်ပြူတာပေါ်ကနေ တဆင့် သူပြောခဲ့တယ်။

အဖေလုပ်သူ Dick ဟာ အားကစားသမားတဦး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သားရဲ့ဆန္ဒကြောင့် သူဟာအဲဒီပွဲမှာ ၀င်ပြိုင်ခဲ့တယ်။ သားရဲ့ တွန်းလှည်းကို တွန်းပြီး (၅)မိုင်ခရီးကို တာဝင်တဲ့ အထိသူပြေးခဲ့တယ်။ ပြိုင်ပွဲပြီးတော့ သားကအဖေ့ကို…. “သားကိုယ်သား ဒုက္ခိတလို့ မထင်တာ ဒါဟာ ပထမဆုံးအကြိမ်ပဲ” လို့ပြောခဲ့တယ်။ ဒီစကားတစ်ခွန်းဟာ အဖေဖြစ်သူကို တော်တော်လေး တုန်လှုပ်သွားစေခဲ့တယ်။ သားကို အဲဒီလို ဒုက္ခိတလို့ မထင်တဲ့စိတ်တွေ ပေးမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ Bostonရဲ့ မာရသွန်ကို ၀င်ပြိုင်ဖို့ သူပြင်ဆင်ခဲ့တယ်။

“စာရင်း လက်မခံပါ” ဒါဟာ ပြိုင်ပွဲဝင်ဖို့ စာရင်းသွားသွင်းတော့ အပြောခံလိုက်ရတဲ့ စကားတစ်ခွန်းပါ။ သူတို့သားအဖဟာ တစ်ဦးတစ်ယောက်တည်း ပြေးတာမဟုတ်တဲ့ အတွက်၊ မသန်စွမ်းသူများ ပြိုင်ပွဲလဲ မဟုတ်တဲ့အတွက် အငြင်းခံလိုက်ရတာပါ။ စာရင်းမသွင်းဘဲ ပြေးသူတွေကြားမှာ သူတို့ လိုက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါတယ်။ နောက်ဆုံး မာရသွန်တခုမှာ သူတို့စာရင်းသွင်းလို့ ရခဲ့တယ်။ အပြေးသန်တဲ့ အတွက် နောက်တနှစ်မှာ ပြုလုပ်မဲ့ Boston မာရသွန်မှာ သူတို့ ပါဝင်ခွင့်ရခဲ့တယ်။ အဖေ့ရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ သားရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရေကူးသင်ခဲ့တယ်။ စက်ဘီးစီးသင်ခဲ့တယ်။ နောက်တော့ သားအဖနှစ်ဦးဟာ သုံးခုစပ် မာရသွန်ကိုတောင် ၀င်ပြိုင်ခဲ့တယ်။ တခါက အမေရိကားကို ဖြတ်ပြီး မိုင်(၃၇၃၅) ခရီးရှည်ကို စက်ဘီးတစီးနဲ့ အတူဖြတ်ခဲ့ကြတယ်။

အဲဒီအချိန်က စပြီး “Team Hoyt ”ဆိုတဲ့နာမည်နဲ့ အဖေက သားရဲ့လှည်းကို တွန်းပြီး မာရသွန်ပွဲတွေမှာ သူတို့ ပါဝင်ပြေးခဲ့ကြတယ်။ ဘာကြောင့် အဖေ့တစ်ဦးတည်း ပြိုင်ပွဲမ၀င်ခဲ့တာလဲလို့ လူတွေက မေးတော့ “ကျွန်တော် တယောက်တည်းဆိုရင် ပြိုင်ပွဲမ၀င်ဘူး” လို့ပြန်ဖြေခဲ့တယ်။ ပြိုင်ပွဲတွေမှာ သူပါဝင်ခဲ့တဲ့အကြောင်းက သူတို့ အတူပြေးနေတုန်း၊ ရေကူးနေတုန်း၊ စက်ဘီးစီးနေတုန်းမှာ သားရဲ့မျက်နှာက ပေါ်လာတဲ့ အပြုံးကြောင့်ပါပဲ။

အခုအချိန်မှာ (၄၄)နှစ် ရှိပြီဖြစ်တဲ့ Rick ကတော့ Boston College’s ရဲ့ကွန်ပြူတာ စမ်းသပ်ခန်းမှာ မသန်မစွမ်းသူများ အတွက် အလုပ်လုပ်နေပါပြီ။ (၆၆)နှစ် ရှိပြီဖြစ်တဲ့ Dick ကတော့ Massachusetts ပြည်နယ်မှာ နေထိုင်နေပါတယ်။

သားရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ဖခင်တဦးရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ မသန်စွမ်းသူ ဖြစ်ပါရက်နဲ့ ဘ၀ကို အရှုံးမပေးဘဲ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတဲ့ သားရဲ့ဇာတ်လမ်း တွေပါ။ ဒီစာအဆုံး ကျွန်မ မျက်ရည်ဝဲ မိပါတယ်။
Src:Puicool-Youth Center Facebook
 
 
 
 
 
 
 
 

 

 

Contact Info

Phone: 918-286 8673,918-286 8736

Email:fgaonlinemedia@gmail.com

Serivce Time and Place

To know more about our service timeing and place please click here for detail.

 Download itunes

Connect With Us