နောင်တ တရား

ကျွန်တော့်စိတ်ထဲမှာ အမြဲရှိနေတဲ့ “နောင်တ တရား” အကြောင်းကို ဝေငှလိုပါတယ်။ နောင်တတရား ဆိုတာ ခရစ်ယာန်သြ၀ါဒသွန်သင်ချက်ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် အနည်းဆုံး ဟောတဲ့အချက်လည်း ဖြစ်ပါတယ်။ သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှုကြတဲ့ အချက်လည်း ဖြစ်ပါတယ်။သိပ်ပြီးဂရုမစိုက်၊ လျစ်လျူရှု ကြတဲ့အရာလည်း ဖြစ်ပါတယ်။ တစ်ချို့က နောင်တရ ရမယ်လို့ပြောရင် နောင်တရစရာ မလိုပါဘူးလို့ ပြန်ပြောမယ့်လူ ရှိပါလိမ့်မယ်။ ဒါပေမယ့် နောင်တ တရားဆိုတာ အရေးကြီးကြောင်းကို သမ္မာကျမ်းစာထဲမှာ ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိအများဆုံးသုံးတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် နောင်တရ ခဲ့တာကို တွေ့ရပါတယ်။
ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်လို့ဆိုပြီး လူတွေက နောင်တတရားကို ပေါ့ပေါ့တန်တန် ခံယူကြတယ်။ ဘာပဲလုပ်လုပ်ခွှင့်လွှတ်တယ်၊ ချစ်တယ် ဆိုပြီး နောင်တတရားကို သိပ်မပြောချင် ကြတော့ဘူး။ ဒါပေမယ့် တစ်ဖက်မှာ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖစ်သလို တရားစီရင်မယ့်သူ ဖြစ်တယ်ဆိုတာ လုံးဝမမေ့သင့်ဘူး။ မိခင်တစ်ယောက် အနေနဲ့ ယောက်ျားလေး မွေးမယ်၊ မိန်းကလေး မွေးမယ်ဆိုတာ သူ ဆုံးဖြတ်လို့ မရဘူး။ ဘုရားသခင်ပေးတဲ့အတိုင်းပဲ ဖြစ်တယ်။ ယုံကြည်သူ တစ်ယောက်အနေနဲ့ ဘယ်လို အသက်ရှင်ရမယ်ဆိုတာကို ကောင်းကောင်းသိကြပေမယ့် အဲဒီလို အသက်မရှင်မိတာကို နောင်တရဖို့ဖြစ်တယ်။
ဘာတွေကိုနောင်တရ ရမှာလဲ ကျွန်တော်တို့ ဆုတောင်းရမယ်ဆိုတာ သိကြပေမယ့် ဆုမတောင်းကြတာကို ဒီနေ့အထိ ခရစ်ယာန်တွေက အပြစ်လို့ မမြင်ကြဘူး။ ကျမ်းစာဖတ်ပြီး ကျမ်းစာအတိုင်း အသက်ရှင်ဖို့ သိကြပေမယ့်မဖတ်ချင်၊ အသက်မရှင်ချင်ကြတာကိုလည်း အပြစ်မမြင်ကြဘူး။ ဒီလိုပဲ ဆယ်ဖို့တစ်ဖို့ ပေးရမယ်ဘုရားကျောင်းသွားပြီး ဘုရားရှိခိုးရမယ်ဆိုတာ သိနေပေမယ့် သိသိကြီးနဲ့ မပေးတာ၊ မသွားတာကို အပြစ်လို့ မမြင်ကြတော့ဘူး။ ဆုတောင်းဖို့ဆိုတာ မခက်တာ့ ထမင်းစားချိန်၊ အိပ်ရာဝင်ချိန်မှာပဲ ဆုတောင်းကြတယ်။ ဘုရားသခင်က သူနဲ့အချိန်အများကြီးယူဖို့ ဖြစ်စေချင်ပေမယ့် ကျနော်တို့က အချိန်သိပ်မယူချင်ကြဘူး။ ဒီကနေ့ ခရစ်ယာန်တွေ အပြစ်လုပ်နေကြတာကို အပြစ်လို့ မထင်တဲ့ ပြုမူကျင့်ကြံခြင်းတွေကို နောင်တရဖို့ ဖြစ်ပါတယ်။ ဘာတွေ နောင်တရမလဲဆိုတာကို လူတိုင်း မိမိကိုယ်ကိုသိကြပါတယ်။ ဒါကြောင့် နောင်တတရားက ဘာကြောင့် အရေးကြီးသလဲဆိုရင် ဓမ္မဟောင်းထဲမှာ ပရောဖက်တွေ၊ ဣသရေလလူမျိုးတွေ၊ တိုင်းနိုင်ငံတွေ၊ လူမျိုးတိုင်း ဘုရားသခင်ဆီက ထွက်သွားပြီး မိမိကြိုက်သလို အသက်ရှင်ကြတယ်။ ဘုရားသခင်ကို ပုန်ကန်တဲ့ ဘ၀ကနေပြန်လာပြီး နောင်တရကြဖို့ မိန့်ဆိုထားပါတယ် (ယေဇကျေလ ၁၈း ၃၀-၃၂)။ ဘုရားသခင်က လူသားတွကို အပြစ်ကင်းတဲ့ဘ၀နဲ့ ဖန်ဆင်းထားပေမယ့် အပြစ်ထဲကျသွားတဲ့အခါမှာ မျိုးဆက်အလိုက် အပြစ်တွေ လုပ်လာကြတယ်။ ဒါကြောင့် ဓမ္မဟောင်းထဲမှာ နောင်တတရားနဲ့ ပတ်သက်တဲ့အရာအများကြီး ရှိတယ်။ ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ ဘာတွေလုပ်ရမလဲ၊ ဘာတွေသွန်သင်ထားတယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဓမ္မသစ်ကျမ်းမှာ နှစ်ခြင်းဆရာယောဟန်ရဲ့ ပထမဦးဆုံးတရားဟောချက်က “နောင်တရကြလော့။ နိုင်ငံတော်တည်လုနီးပြီး” ဆိုတာ ဖြစ်ပါတယ်။ ယေရှု ခရစ်ကိုယ်တိုင် ကောင်းကင်ဘုံကို မတက်ကြွမီ လူမျိုးတိုင်းအပေါ် နောင်တတရားကို ဟောကြားဖို့ တပည့် တော်များကိုမှာထားပါတယ် (ရှင်လုကာ ၂၄း၄၇)။Sia Cung

ရှင်ပေတရုက ပင်တေကုတေနေ့မှာ ဣသရေလ လူမျိုးတွေကို နောင်တရကြဖို့ ဟောပြောခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဣသရေလတွေကယေရှုကို မေရှိယ ကယ်တင်ရှင်မှန်းမသိဘဲ လက်ဝါးကပ်တိုင်မှာ ရိုက်သတ်တဲ့အပြစ်မှနောင်တရဖို့ ဟောနေခြင်းဖြစ် တယ်။ ရှင်ပေါလုကလည်း ဣသရေလလူမျိုးတွေအပြင် လူမျိုးအားလုံး နောင်တရဖို့ ပြောတာကို (တမန်တော် ၂၆း၂၀)မှာတွေ့ရတယ်။ လူသားတိုင်း နောင်တရဖို့ ပညတ်ထားတာကို(တမန်တော်၁၇း၃၀) မှာလည်းတွေ့ ရတယ်။ ဒါကြောင့် နောင်တတရားရဖို့က ကျမ်းစာရဲ့ သွန်သင်ချက် ဖြစ်တယ်ဆိုတာ တွေ့ရတယ်။

နောင်တတရားဆိုတာဘာလဲ တစ်ချို့ လူတွေက မှားပါတယ်ဆိုပြီး နောင်တတော့မရကြဘူး။ နောင်တရခြင်း မဟုတ်တာက (၁) အပြစ်ကိုနောင်တစိတ်မပါဘဲဖော်ပြခြင်း၊ (၂) အပြစ်လုပ်ပြီး ၀မ်းနည်းတာလည်း နောင်တမဟုတ်ဘူး။ လောက မှာ အပြစ်လုပ်မိပြီး ၀မ်းနည်းလို့ အသက်ရှင် နေတာ ဘာထူးတော့မလဲဆိုပြီးကိုယ့်ကိုကိုယ် အဆုံးစီရင်သူတွေလည်း ရှိပါတယ်။ (၃) အပြုအမူက ပြောင်းလဲပေမယ့် နှလုံးသားက နောင်တစိတ်မရှိဘူး။ အဲဒီအရာအားလုံးက နောင်တတရားတွေ မဟုတ်ဘူး။ နောင်တတရားရဲ့ အလွယ်ကူဆုံး အဓိပ္ပါယ်ကတော့ “နောင်မှတခြင်း” ဖြစ်တယ်။ ကြိုတင်သိထားတဲ့အရာဆိုရင် ဘယ်သူမှ အမှားလုပ်မိမှာမဟုတ်ဘူး။ ဒါကြောင့် မိမိမှားယွင်း ကြောင်း၊ ပြစ်မှားမိကြောင်းကိုသိပြီး လမ်းမှန်ကို ပြန် လှည့်လာခြင်းက စစ်မှန်တဲ့ နောင်တဖြစ်တယ်။ အပြစ် ဆိုတာသိတာပဲမဟုတ်ဘဲ၊ အပြစ်ထဲမှာ ဆက်မနေတော့ ဘဲရပ်တန့်ပြီးပြန်လာခြင်းဖြစ်တယ်။ ဒါကြောင့် မှားယွင်းတဲ့ အပြုအမူ၊ဒုစရိုက်လမ်းတွေကနေ ဦးတည်ချက်ပြောင်း ပြီးဘုရားသခင်ဆီပြန်လှည့်ခြင်းကို စစ်မှန်သောနောင်တ ဟုခေါ်သည်။ ဥပမာ- နိနဝေမြို့က ကြီးမားတဲ့အပြစ် ဒုစရိုက်မြောက်မြားစွာ လုပ်ကြပေမယ့် ယောနတရား ဟောတဲ့အခါမင်းကြီးကစပြီး လူတွေအားလုံးဘုရား သခင်ရှေ့မှာ မိမိတို့ ကျင့်ကြံပြုမူမှုများ မှားတယ်ဆိုတာ သိရုံတင်မဟုတ်ဘဲနောင်တတရားနဲ့ အစာရှောင် ဆုတောင်းတဲ့အခါ ဘုရားသခင်က ကယ်တင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဆီ မှန်ကန်တဲ့နည်းလမ်းအတိုင်း ပြန်လှည့်လာခြင်းက နောင်တတရား ဖြစ်တယ်။ “နောင်တတရား၊ ခွင့်လွှတ်ခြင်းနဲ့ကယ်တင်ခြင်းက လုံးဝခွဲလို့ မရဘဲ ဆက်နွယ်တဲ့အရာတွေ ဖြစ်တယ်။ (၂ကော ၇-၉း၁၀)မှာ နောင်တရခြင်း (၂) မျိုးကိုတွေ့ရတယ်။
(၁) လောကရဲ့ဝမ်းနည်းခြင်းနဲ့ သက်ဆိုင်တဲ့နောင်တ တရားဖြစ်ပြီး သေခြင်းသို့ ပို့ဆောင်တဲ့အရာဖြစ်တယ်။ ကိုယ့်အမှား တစ်ခုအတွက် ၀မ်းနည်းပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းဖြစ်တယ်။ ဥပမာ- ယုဒရှကာရုတ်ရဲ့ နောင်တရခြင်းက ဘာအကျိုးအမြတ်မှ မပေးဘူး။
(၂) ရှင်ပေါလုက ကောရိန်သုအသင်းသားတွေ မဖြစ်သင့်တဲ့အရာတွေ ဖြစ်တဲ့အခါမှာ အပြင်းထန်ဆုံးသော စကားလုံးတွေကို အသုံးပြုပြီး စာရေးခြင်း ဖြစ်တယ်။ ငါစာရေးတာ မင်းတို့ကို ၀မ်းနည်းစေတယ်။ ဒါပေမယ့် ၀မ်းနည်းပြီး နောင်တတရားရကာ လမ်းမှန်သို့ ပြန်ရောက်ရင် မင်းတို့အတွက် ကယ်တင်ခြင်းရှိတယ်”။
တစ်ခါတစ်လေလူတွေက သွန်သင်ခြင်းကို ခံရရင် ခံပြင်းကြတယ်။ တစ်ချို့ကခံယူချင်တယ်။ တစ်ချို့က မခံယူချင်ကြဘူး။ ကျမ်းစာဖတ်တဲ့အခါ သွန်သင်တဲ့ အခန်းတွေကို ကျော်မသွားဘဲ ခံယူတတ်ရင် ကောင်းကြီးမင်္ဂလာတွေ ရှိတယ်။ ပရောဖက်နာသန်က အပြစ်ကို ဖော်ပြတဲ့အခါ ဒါဝိဒ်မင်းကြီး နောင်တရခြင်းက ဆာလံ ၅၁ ဖြစ်ပေါ် လာတဲ့အကြောင်းရင်းဖြစ်တယ်။ ရှင်ဘုရင် ဖြစ်ပေမယ့် ဂုံနီအိတ်နဲ့ ပြာလူးပြီး ဘုရားကိုတောင်းပန်ရဲတဲ့ သူ့အရည်အချင်းက အရေးကြီးတယ်။ မှန်ကန်တဲ့ နောင်တတရားနဲ့ ဒါဝိဒ်က၀န်ခံတာကြောင့်ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ သောသူ ဆိုပြီး မှတ်တမ်းတင်ခံရခြင်း ဖြစ်တယ်။ ဇက္ခဲလည်းပဲ မှန်ကန်တဲ့နောင်တ တရားရပြီး ယေရှုဆီမှာ မိမိအပြစ်ကိုဝန်ခံခဲ့တယ်။ ယောသပ်ကလည်း သူ့အစ်ကိုတွ နောင်တရကြောင်းကိုသိပြီး သူ့ကိုယ်သူဖွင့် ပြောခဲ့တယ်။ပျောက်သောသားလည်း နောင်တနဲ့ပြန်လာတဲ့အခါ သားအရာကို ပြန်ရလာခဲ့တာ ဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ နောင်တတရားမှာ အမြဲတမ်း ကယ်တင်ခြင်း ရှိပါတယ်။ ကျနော်ဘုရားသခင်ဆီ နောင်တနဲ့ ပြန်လာတဲ့အခါ ခွင့်လွှတ်ခြင်းရပြီး ၀မ်းမြောက်ခြင်း၊ သန့်ရှင်းသာဝိညာဉ်တော်ရဲ့မစခြင်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ဆီ အပြစ်အားလုံးကို ၀န်ချတောင်းပန်ကြရ အောင်။ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့အတူ ကောင်းကြီး မင်္ဂလာက မိတ်ဆွေအတွက် အမြဲအသင့် ရှိနေပါတယ်။
အယောက်စီတိုင်းအပေါ်မှာ ဘုရားသခင်ကောင်းကြီးရှိပါစေ။
 Source:Pastor Cung Blog

no comment

Add your comment

Your email address will not be published.

%d bloggers like this: