” သင့် ” အတွက် …. ငရဲနှင့် လွတ်ရာလမ်း

“ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည်သေလွန်သော်လည်း ရှင်လိမ့်မည်”(ယော ၁၁း၂၅)

ချစ်သောမိတ်ဆွေ … ဤလောကမှာအသက်ရှင်လျက်ရှိနေတဲ့လူသားအားလုံးဟာ မိမိတို့ရဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက်ကြိုးစားပြီးအလုပ်လုပ်နေကြပါတယ်။ ကျောင်းသား တွေကလည်း တစ်နှစ်တစ်တန်းမှန်မှန်အောင်ပြီး ပညာတတ်ကြီးတွေဖြစ်ဖို့ စာကို ကြိုးစားသင်ယူ နေကြ သလို၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကလည်း မိမိ တို့ရဲ့လုပ်ငန်းတွေ တစ်နေ့တခြား တိုးတက်အောင်မြင်နိုင်ဖို့ နေ့မအား၊ညမအားအစွမ်းကုန် ကြိုးစားနေကြပါတယ်။

အလုပ်သမားတွေကလည်း မိမိတို့တာဝန်ကျတဲ့လုပ်ငန်းနေရာမှာ တာဝန်ကျေအောင်လုပ်ဆောင်ပြီး မိမိတို့ရဲ့စားဝတ်နေရေးအတွက် ရှာဖွေနေကြရပါတယ်။ နိုင်ငံ တော်ရဲ့ဝန်ထမ်းတွေကလည်း မိမိတို့ရဲ့ နိုင်ငံတော်ကြီးအေးချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်အောင်မိမိတို့ကျရာကဏ္ဍအသီးသီးမှ နိုင်ငံတော်ရဲ့ တာဝန်ကိုကျေ ပြွန် အောင်ကြိုးစားထမ်းဆောင်နေကြရပါတယ်။အဲဒီလိုနဲ့လူကြီးတွေကလည်း လူကြီး တွေအလျောက်၊လူငယ်တွေကလည်း လူငယ်တွေအလျောက်၊ ကလေးတွေကလည်း ကလေးတွေအ လျောက်မိမိနိုင်ရာတာဝန်များကို လုပ်ဆောင်ပြီးအသက်ရှင်နေကြရပါတယ်။

အဲဒီလိုအသက်ရှင်နေကြရင်း လူကြီးလူငယ်မရွေး၊ယောက်ျား၊ မိန်းမ မကျန်၊ ကလေးများပါ အပါအ၀င်လူတိုင်းလူတိုင်းတစ်နေ့တွေ့ကြုံရမည့်အရာမှာ “သေခြင်းတရား” ပဲဖြစ်ပါတယ်။ ဘယ်သူမှ လွှဲရှောင်လို့ မရနိုင်ပါ။လူ့သဘာဝကတော့ သေခြင်းတရားအကြောင်းကို မကြားချင်၊မပြောချင်၊ မစဉ်းစားချင်ကြပါဘူး။ ဒါပေမယ့် တစ်နေ့ နေ့မှာ  တော့သင်လည်းသေရမှာဖြစ်ပါတယ်။ လူဟာသေပြီးရင် နောင်ဘ၀ရှိတယ်လို့ဘာသာတရားတိုင်းက ယုံကြည်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့ နောင်ဘ၀ အ တွက် သင်ဘာတွေကြိုတင်ပြင်ဆင်မှုလုပ်ထားပြီးပြီလဲ၊အခုနေသေသွားရင်ဘယ်ကိုရောက်သွားမှာလဲ၊ သင့်ရဲ့နောင်တမလွန်ရေးအတွက် တစ်ခါမှမစဉ်းစား မိသေးရင် ယခုပင်စဉ်းစားပါ။သင့်ရဲ့နောင်တမလွန် ရေး စိတ်အေးရပြီလား။

လူဟာသေပြီးရင်ဘယ်ကိုရောက်သွားမှာလဲ၊ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ ရောက်မယ်လို့ ဘာသာတရားတိုင်းကပြောကြပါတယ်။ ကောင်းတာလုပ်ဖို့လည်း လမ်းညွှန်ပြထားပါတယ်။ ဒါပေမယ့် မိတ်ဆွေ”ကျွန်တော်ဟာ လူသတ်သမားမဟုတ်ပါဘူး။ သူများမယား၊သား/သမီးတွေကိုလည်း မပြစ်မှားပါဘူး။ သူများဥစ္စာကိုလည်း မခိုးပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ အပြစ်မရှိပါဘူ:” လို့ မိတ်ဆွေပြောနိုင်ပါတယ်။

ဒါပေမယ့်မိတ်ဆွေ …. “သူ့ရဲ့ကား သိပ်လှတာဘဲ၊ နောက်ဆုံးပေါ် မော်ဒယ်လေး၊ ငါ့ကားသာဖြစ်ရင်သိပ်ကောင်းမှာဘဲ၊ဟာ…ဒီအိမ်ကြီးကအကြီးကြီးပဲ၊ဆောက်ထား တာ သေသေသပ်သပ်နဲ့ ခေတ်ပေါ်ဒီဇိုင်းလေး။ ပရိဘောဂတွေကလည်း စုံစုံလင်လင်နဲ့ ငါတို့မိသားစုသာနေရရင် သိပ်ကောင်းမှာပဲ” “ဟင်း… သူ့နာရီလေးက  ရွှေရောင်လေးနဲ့ပုံဆန်းဆန်းလေး၊ အမျိုးအစားကလည်းနာမည်ကြီးဆိုတော့ ငါ့နာရီသာဖြစ်ရင် သိပ်ကောင်းမှာပဲ”။“အဲဒီလို သူများဥစ္စာပစ္စည်းကို လိုချင်တပ်မက် ခြင်းဟာခိုးခြင်းဖြစ်တယ်…”

“ဒီလူကတော့ သူ့ကျန်းမာရေးမကောင်းတုန်းကကုဖို့ငွေမရှိလို့ ဒုက္ခရောက်တုန်းငွေလိုလို့ သနားပြီး ငါကူညီထားပါတယ်။ ကျန်းမာရေးလည်း ကောင်းရော ငွေပြန်ပေး ဖို့နေနေသာသာ ငါ့ကိုတောင်မှ ဂရုမစိုက်တဲ့ပုံလုပ်နေပါလား။တွေ့ကြသေးတာပေါ့။ ဒီတစ်ခါ သူဒုက္ခရောက်ရင် လုံးဝမကူညီတော့ဘူး”။ အဲဒီလို “သူတပါးကို ဒေါသ အမျက်ထွက်ခြင်းဟာ လူသတ်ခြင်းဖြစ်တယ်”။ “သူများမယား၊ သား^သမီးကို ကိလေသာစိတ်နဲ့ကြည့်ရင်လည်း အဲဒီလူနဲ့ မှားယွင်းနေတာဖြစ်တယ်”လို့ ဘာသာတရားက သွန်သင်ပါတယ်။ဒါဆိုရင်မိတ်ဆွေလည်း အဲဒီအပြစ် တွေနဲ့လွတ်ကင်းနိုင်ပါ့မလား။ လွတ်ကင်းဖို့မလွယ်ပါဘူး။ သူတပါးကို ကိုယ်ထိလကရောက် ပြစ်မှားမိခြင်း (ကာယကံ)၊ နှုတ်နဲ့ပြစ်မှားခြင်း (၀စီကံ)၊စိတ်နဲ့ပြစ်မှားခြင်း (မနောကံ)စတဲ့အပြစ်တွေကိုလည်းမိတ်ဆွေ ရှောင်နိုင်ပါ့မလား။ ရှောင်နိုင်ဖို့ မလွယ်ပါဘူး။
မရှောင်နိုင်ဘူးဆိုရင်တော့ မိတ်ဆွေလည်း အပြစ်ရှိနေတဲ့သူ၊မကောင်းတာလုပ်နေတဲ့သူတစ်ယောက်ပဲပေါ့ “မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာသွားရပါမယ်” ဆိုတဲ့စကားအတိုင်း မိတ်ဆွေလည်း သေပြီးလို့ နောင်ဘ၀ရောက်ရင်မကောင်းတွေလုပ်ခဲ့တဲ့အတွက် မကောင်းတဲ့နေရာဖြစ်တဲ့ငရဲကိုသွားရမှာသေချာနေပြီပေါ့။ သေသေချာချာ စဉ်းစားပါ။သင့်ရဲ့အသက်တာကို သင်သတိပြုအသက်ရှင်ပါ။

လောကလူသားတွေဟာ ဘာသာတရားရဲ့ လမ်းညွှန်မှုအားလုံးကို လိုက်လျှောက်ချင်တဲ့ စိတ်ရှိပေမယ့်လည်းလက်တွေ့ကျတော့ မလုပ်နိုင်ဘူးဖြစ်နေပါတယ်။ ကောင်းမှန်းသိလို့ လုပ်ချင်ပေမယ့် မကောင်းတာပဲ လုပ်မိကြတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ လူဟာအပြစ်သား ဖြစ်နေတာကြောင့် ဘယ်လိုမှကောင်းတာမလုပ်နိုင်၊ အားမထုတ်နိုင်ဖြစ်နေရပါတယ်။

ဒါဆိုရင် မိတ်ဆွေကောင်းရာမွန်ရာရောက်ဖို့ ဘယ်လိုလုပ်မလဲ၊လူ့နည်းလူ့အရည်အချင်း၊လူအစွမ်းစတွေနဲ့တော့ဘယ်လိုမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ လူဟာအပြစ် များတဲ့အပြစ်သားဖြစ်နေတာကြောင့် ကောင်းရာမွန်ရာရောက်ဖို့ဘယ်လိုမှကြိုးစားလို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ၀မ်းသာစရာသတင်းတစ်ခုကတော့ စစ်မှန်တဲ့ ဘုရားသခင်ကမိတ်ဆွေအပါအ၀င် လောကလူသားအားလုံးကို သိပ်ချစ်လို့လူသားတွေ ကောင်းရာမွန်ရာရောက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။

စစ်မှန်တဲ့ဘုရားသခင်ဆိုတာဘယ်လိုဘုရားမျိုးလဲ?
တန်ခိုးနဲ့ပြည့်ဝပြီး အရာခပ်သိမ်းကိုတတ်နိုင်တယ်။သန့်ရှင်းဖြောင့်မတ်တယ်။ ထာဝရအသက်ရှင်တယ်။ကယ်တင်နိုင်တယ်။ အပြစ်လွှတ်နိုင်တယ်။ အဲဒီလိုအရည်
အချင်းတွေရှိမှ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်ပါတယ်။(ယေ ၁၀း၁၀)

ဘုရားသခင်ရှိကြောင်းဘယ်လိုသိနိုင်မလဲ ၊?

မိတ်ဆွေ -နေ့တိုင်းရေသောက်နေတဲ့ခွက်ကလေးကိုကြည့်ပါ။ ဒီရေခွက်ကလေးကိုပြုလုပ်တဲ့သူမရှိရင် မိတ်ဆွေဟာ ဒီရေခွက်ကလေးနဲ့ရေသောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီရေခွက်ကလေးကိုပြုလုပ်ပြီး ရောင်းမယ့် သူရှိလို့မိတ်ဆွေအနေနဲ့ ၀ယ်ယူပြီး ဒီရေခွက်လေးနဲ့ ရေသောက်နိုင်တာဖြစ်ပါတယ်။ ဒီလိုပဲ လောကကြီးထဲမှာရှိတဲ့ သက်ရှိ သက်မဲ့အရာအားလုံးဟာ သူ့အလိုလို တော့ဖြစ်မလာပါဘူး။ ရေခွက်ကလေးကိုကြည့်ခြင်းအားဖြင့် ဒီရေခွက်လေးကို ပြုလုပ်တဲ့သူရှိနေကြောင်းသိနိုင်သလို ကောင်း ကင်၊ မြေကြီး၊ တော၊ တောင်၊ ရေ၊ မြေ၊ ရာသီဥတုနဲ့ လောကကြီးထဲမှာရှိတဲ့ သက်ရှိသက်မဲ့အရာအားလုံးကို ကြည့်ခြင်းအားဖြင့်ဒီအရာတွေကို ပြုလုပ်တဲ့သူ ရှိ နေ ကြောင်း သိနိုင်ပါသည်။

သမ္မာကျမ်းစာ ထဲမှာ တော့  ဘုရားသခင်ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက်ဖြစ်တဲ့အရာတစ်ခုမှ မရှိဘူးလို့ အတိအကျပြောထားပါတယ်။ ဒီအရာအားလုံးကို ပြုလုပ်တဲ့သူဟာ”ဘုရားသခင်” ပါပဲ။ ဒါကြောင့် ဒီအရာတွေကိုကြည့်ခြင်း အားဖြင့် ဘုရားသခင် အမှန်တကယ်ရှိနေကြောင်း သိနိုင်ပါတယ်။ လူဟာ ဘယ် လိုစ ဖြစ် လာတာလဲ ၊ ဘုရားသခင်က မြေမှုန့်နဲ့ လူကိုပြုလုပ်ပြီးလူရဲ့နားခေါင်းထဲကို “ဇီဝအသက်” မှုတ်သွင်းပေးလိုက်တဲ့ အခါ   လူဟာ “အသက်ရှင်တဲ့သတ္တ၀ါ” ဖြစ်လာ ပါ တယ်။ပြီးတော့ ဧဒင်ဥယျာဉ်ကြီးထဲမှာထားတယ်။ ဘုရားသခင်ဟာလူယောက်ျား (အာဒံ)နဲ့ လူမိန်းမ (ဧ၀) ကို ဖန်ဆင်းပြီးညနေတိုင်း လာရောက်စကားပြော မိတ် သဟာယဖွဲ့ပါတယ်။

ဖန်ဆင်းစက လူဟာအပြစ်ကင်းပါတယ်။ ဒါပေမယ့်လည်း အဲဒီပထမဦးဆုံးလူယောက်ျားနဲ့လူမိန်းမဟာဧဒင်ဥယျာဉ်အတွင်းမှာရှိတဲ့ ဘုရားသခင် တားမြစ်ထားတဲ့ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကိုစားမိခဲ့ပါတယ်။ အဲဒီကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့အသီးကိုစားတဲ့နေ့မှာ လူဟာဧကန် အမှန် သေရ မယ် လို့ဘုရားသခင်က လူကိုပညတ်ထားတဲ့အတိုင်း အဲဒီအချိန်ကစပြီး လူဟာသေခြင်းတရားနဲ့စတင်ရင်ဆိုင်နေရပါတော့တယ်။

ပထမဦးဆုံး ဘုရားသခင် ဖန်ဆင်းထားတဲ့လူယောက်ျား နဲ့လူမိန်းမဟာ ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အတွက် သူတို့ရဲ့ကိုယ်ခန္ဓာဟာ ချက်ခြင်း
မသေ ပေမဲ့ “၀ိညာဉ်” ကတော့ သေသွားပါတယ်။ဘုရားသခင်ရဲ့စကားကို နားမထောင်ခြင်းဟာ “အပြစ်”ပဲလို့သမ္မာကျမ်းစာထဲမှာ ပြောထားပါတယ်။ လူဟာမိမိရဲ့
စိတ်ဆန္ဒအတိုင်းရွေးချယ်ပြုလုပ်ခဲ့လို့ “သန့်ရှင်းတဲ့ဘုရားသခင်”နဲ့ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။

ချစ်မိတ်ဆွေ လူဟာသေပြီးရင် ဘာဖြစ်သွားလဲ၊
လူရဲ့ခန္ဓာကိုယ်ဟာ မြေမှုန့်နဲ့ဖန်ဆင်းထားတာဖြစ်လို့သေသွားတဲ့အခါ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပေမယ့် အတွင်းမှာရှိတဲ့ “နာမ်ဝိညာဉ်” ကတော့
ချုပ်ငြိမ်းမသွားပါဘူး။ အဲဒါကြောင့်လည်း လူတွေဟာဘုရားနဲ့တရားကို ရှာနေကြရခြင်းဖြစ်ပါတယ်။ မိတ်ဆွေဟာပထမဦးဆုံး အပြစ်ကျူးလွန်ထားတဲ့ လူယောက်ျားနဲ့
လူမိန်းမကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက်”အပြစ်သား” ဖြစ်ပါတယ်။ လူတွေဟာ အပြစ်များတဲ့အပြစ်သား ဖြစ်နေလို့ ဘယ်လိုမှ ကောင်းတာမလုပ်နိုင်ဘဲ
သေရင်လည်း ငရဲကို သွားရမယ်လို့ သမ္မာကျမ်းစာထဲမှာပြောထားပါတယ်။
အပြစ်သားဖြစ်တဲ့သင့်ကို ဘုရားသခင် ချစ်နေသည်
ဘုရားသခင်ဟာ လူသားတွေကို သိပ်ချစ်လို့အပြစ်သား ဖြစ်တဲ့၊ အပြစ်ရှိတဲ့ လောကလူသားများငရဲသို့မသွားရအောင်၊ ကောင်းရာမွန်ရာကိုရောက်နိုင်ဖို့
သခင်ယေရှုအားဖြင့် ပြင်ဆင်ထားပါတယ်။ သခင်ယေရှုဟာအပြစ်ရှိတဲ့လူသားများကို ငရဲကို မသွားရအောင် ကယ်တင်ဖို့ဒီလောကကိုကြွလာရခြင်းဖြစ်ပါတယ်။ ဘုရားစင်စစ်မှလူ့ဘ၀ကိုခံယူခြင်းဖြစ်ပါတယ်။

သခင်ယေရှုဟာ လူ့ဇာတိကို ခံယူတဲ့အခါ”သန့်ရှင်းသော ၀ိညာဉ်တော်”အားဖြင့် ပဋိသန္ဓေကိုယူပြီးမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။သက်တော် ( ၃၃ ) နှစ်မှာ လောက
လူသားအားလုံးရဲ့ အပြစ်များအတွက် လူသားများ ကိုယ်စားလက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ပါတယ်။ အသေခံပြီးသုံးရက်မြောက်နေ့မှာ သေခြင်းကို အောင် မြင် လျက်ရှင်ပြန်ထမြောက်ခဲ့ပါတယ်။သခင်ယေရှုဟာ အပြစ်နဲ့ကင်းစင်တဲ့ ဘုရားဖြစ်လျက်နဲ့ အပြစ်ရှိတဲ့လူသားများအားလုံးရဲ့ အပြစ်အတွက်လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ရပါတယ်။ လူသားအားလုံးရဲ့အပြစ်အတွက် အသေခံခဲ့တဲ့ ဘုရားသခင်ရဲ့သားတော်သခင်ယေရှုကို ယုံကြည်လက်ခံတဲ့သူဟာ အပြစ်မှလွတ် ခြင်း အခွင့် ကိုရပြီး အပ္ပာယ်ငရဲသို့ မသွားရဘဲကောင်းကင်ဘုံမှာ ထာဝရစိုးစံရမယ်လို့ သမ္မာကျမ်းစာထဲမှာဖော်ပြထားပါတယ်။ မိတ်ဆွေ – ဒါဟာငရဲနှင့် လွတ်ရာလမ်း ပါ။ သင်လက်ခံဖို့ပဲ လိုပါတယ်။ ဒီလောက်ကြီးမားတဲ့မေတ္တာနဲ့ ကယ်တင်ရှင်ကို မိတ်ဆွေငြင်းပယ်မယ်ဆိုရင်မိတ်ဆွေရဲ့ နောင်တမလွန်အရေးဟာ ရင်လေးစရာပါပဲ။

“စောပါသေးတယ်၊ ငါငယ်ပါသေးတယ်”လို့ဆိုပြီးအချိန် မဆွဲပါနဲ့။ ဒီကနေ့တစ်ရက်အတွင်းမှာ မိတ်ဆွေဘာဖြစ်မယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါကြောင့်မိတ်ဆွေ  နောင်ဘ၀အတွက် စိတ်ချမှုရရှိဖို့ သခင်ယေရှုကိုယုံကြည်လက်ခံဖို့လိုပါတယ်။ မိတ်ဆွေဟာ သခင်ယေရှုကိုယုံကြည်လက်ခံမယ်ဆိုရင် အပြစ်လွတ်ခြင်းခံရမယ်။   ဘုရားသခင်ရဲ့သား/သမီးဖြစ်ခွင့်ရမယ်။ မိတ်ဆွေရဲ့နာမည်ဟာကောင်းကင်စာရင်းထဲမှာရေးမှတ်ခြင်းခံရပြီး အပြစ်ငရဲ နဲ့လွတ်ကင်းမယ်လို့ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာပြောထားပါတယ်။

ကောင်းကင်စာရင်းမှာ မ၀င်တဲ့သူရှိသမျှဟာ ငရဲကိုသွားရမှာဖြစ်ပါတယ်။ သခင်ယေရှုကိုယုံကြည်လက်ခံတဲ့အတွက် ကယ်တင်ခြင်းသို့ ရောက်ရတာဖြစ်ပါတယ်။
ကောင်းကင်စာရင်းထဲမှာ ၀င်သွားတာဖြစ်ပါတယ်။သခင်ယေရှုဟာ မိတ်ဆွေရဲ့စိတ်နှလုံးတံခါးကို ခေါက်နေပါတယ်။ သင်ဟာယခုသခင်ယေရှုကို ယုံကြည်ခြင်းနဲ့ သင့်ရဲ့စိတ်နှလုံးထဲ ကိန်းဝပ်အုပ်စိုးဖို့ ခေါ်ဖိတ်လက်ခံနိုင်ပါတယ်။သခင်ယေရှုကို သင့်စိတ်နှလုံးထဲ ခေါ်ဖိတ်လက်ခံလိုပါက အောက်ပါဆုတောင်းချက်အတိုင်း ခေါ်ဖိတ်လက်ခံနိုင်ပါတယ်။

“အနန္တတန်ခိုးနဲ့ပြည့်စုံတော်မူသော ဘုရားသခင်ရဲ့ ကျွန်တော်/ကျွန်မဟာ အပြစ်သားတစ်ယောက်ဖြစ်ကြောင်းဝန်ခံပါတယ်။ ယခုအချိန်ကစပြီး သခင်ယေရှုဟာ
ကျွန်တော်/ကျွန်မ ရဲ့အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီး သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တယ်ဆိုတာ နှုတ်နဲ့ဝန်ခံပြီး စိတ်နှလုံးအ/ကင်းမဲ့ ယုံကြည်လက်ခံပါတယ်။ ဒါကြောင့် သခင်ယေရှုဘုရား ကျွန်တော်/ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ကျိန်းဝပ်အုပ်စိုးပါ။ လမ်းပြပါ။သွန်သင်တော်မူပါ။ ယေရှုနာမ၌ ဆုတောင်း ခေါ်ဖိတ်လက်ခံပါ၏။ အာမင်။”

ယခုလို မိတ်ဆွေရဲ့စိတ်နှလုံးထဲ သခင်ယေရှုကိုခေါ်ဖိတ်လက်ခံပြီးတဲ့ ယခုအချိန်ကစပြီး မိတ်ဆွေဟာသမ္မာကျမ်းစာထဲမှာ ပြောထားတဲ့အတိုင်း သင်ဟာဘုရားသခင် ရဲ့ သား/သမီး ဖြစ်သွားပါပြီ။ နောင်တမလွန်မှာငရဲနဲ့သေချာပေါက်လွတ်ပြီး ကောင်းကင်နိုင်ငံကို ရောက်ဖို့သေချာသွားပါပြီ။ သင်ဟာ ငရဲနှင့်လွတ်ရာလမ်းကိုသိရှိပြီး
လက်တွေ့လိုက်လျှောက်တဲ့အတွက် သင်ဟာ ယခုဘ၀အတွက်သာမက နောင်တမလွန် ဘ၀ရေးအတွက်ပါစိတ်အေးရပြီး အဓိပ္ပာယ်ရှိသော အနာဂတ်ကို ပိုင်ဆိုင်သူ၊
အဖိုးတန်လူသား တစ်ယောက်ဖြစ်သွားပါပြီ။

ချစ်သောမိတ်ဆွေ ခရစ်ယာန်အသင်းတော်တစ်ပါးပါးနှင့် ဆက်သွယ်ပြီး ထိုအသင်းတော်မှ သင်းအုပ်ဆရာအား သင်သည် သခင်ယေရှု ခရစ်တော် ဘုရားကိုသင့်ရဲ့ စိတ်နှလုံးထဲ ခေါ်ဖိတ်လက်ခံပြီးဖြစ်ကြောင်း ပြောပြပါ။ထိုအသင်းအုပ်ဆရာထံမှ ” ဗတ္တိဇံ မင်္ဂလာ (နှစ်ခြင်းမင်္ဂလာ)”အကြောင်းမေးမြန်းသင်ယူပါ။ သင်ယူပြီး ထိုသင်း အုပ်ဆရာနဲ့ တိုင်ပင်ပြီး သင်နှစ်ခြင်းမင်္ဂလာခံယူပါ။

အသင်းတော်မှပြုလုပ်သော “ပွဲတော်မင်္ဂလာများ”တွင် ပါဝင်ပါ။ သမ္မာကျမ်းစာမှန်မှန်ဖတ်ပြီး ကျမ်းစာထဲမှဘုရားသခင်ရဲ့ ပြောစကားများအတိုင်း လက်တွေ့  အ သက်ရှင်ပါ။ ဘုရားသခင်ထံ ဆုတောင်းပါ။လူသားတွေ ငရဲသို့မရောက်ရအောင် ဘုရားသခင်ကယ်တင်ခဲ့အကြောင်း ဤ “ငရဲနှင့်လွတ်ရာလမ်း” စာအုပ်ပါအကြောင်း အရာများကို သင့်ရဲ့မိသားစု၊ သင့်ရဲ့သူငယ်ချင်းများနဲ့ အခြားသူများကို သင်က တဆင့် ပြန်ပြောပြပါ။သူတို့ကိုလည်း သင်ကဲ့သို့ပင် ငရဲနှင့်လွတ်စေချင်သောကြောင့်
ဖြစ်ပါတယ်။ ဘုရားသခင်၏ အမှုတော်မြတ်တွင် ကြိုးစား၍ ပါဝင်ပါ။
ချစ်သောမိတ်ဆွေ သင်သိလိုသော အခြားအကြောင်းအရာများရှိပါက အောက်ပါလိပ်စာအတိုင်းစာရေးသားဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေအပေါ်သို့  ဘုရား သခင်ထံမှ  ကောင်းချီးမင်္ဂလာများ အစဉ်အမြဲသက်ရောက်ပါစေသော်။ အာမင်။

Pastor ဇော်သူလင်း

မြန်မာလူငယ်ပြုစုပျိုးထောင်ရေးသာသနာ
အမှတ်(၂၅)၊ ဦးအောင်မင်းလမ်း၊
(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
-၉၅-၁-၅၂၂၃၈၇၊ှူ-၀၉၅၁၃၁၀၆၇

E-mail:ztlmyrm@gmail.com

Source :Pastor Zawtuthulinn/Website

Add your comment

Your email address will not be published.