ယုံကြည်ခြင်းနှင့် အကျင့် (Faith and Deed)

ရှင်ယာကုပ် ၂း၂၆မှာ ၀ိညာဉ်နှင့် ကင်းသော ကိုယ်သည် အသေ ဖြစ်သကဲ့သို့ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏ လို့ တိကျစွာ ဖော်ပြထားပါ တယ်။ ဒီအကြောင်းကို မကြာခဏ ဆိုသလို ဆွေးနွေးဖူးပါတယ်။ ရှင်းလေ ရှုပ်လေ ဟို ကျမ်းချက်နဲ့ ကိုးကားပြန်တော့ ဒီကျမ်းချက်နဲ့ ဆန့်ကျင်ပြန်ရော။ ဒီလိုနဲ့ဘဲ တ၀ဲ လည်လည်ဖြစ်ပြီး ကျေနပ်လောက်တဲ့ အဖြေကို မရနိုင်ဘဲ ဖြစ်နေပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ ဒီအကြောင်းကို ဆွေးနွေးတဲ့ အခါတိုင်း အချုပ်အချာ ဖြစ်တဲ့ ဘုရားသခင်ရဲ့ အလေ့အလာ (သဘောတော်) ကို မေ့ထားကြလို့ဘဲ ဖြစ်တယ်။ ဒါကြောင့် ရှင်းလင်းစွာ နားလည်ဘို့ ဘုရားသခင်ရဲ့ သဘောတော်ကို ရှေ့ဦးစွာ စဉ်းစား ဘို့ လိုအပ်ပါတယ်။

ဒီအကြောင်းကို စတင် စဉ်းစားမယ်ဆိုရင် သခင်ယေရှုရဲ့ ကားတိုင် တဖက်တချက်က ဓါးပြ အကြောင်းကိုဘဲ အခြခံရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်သား ဓါးပြနဲ့ သခင်ယေရှုတို့ ထိပ်တိုက်တွေ့ဆုံကြရာမှာ အပြစ်သား ဓါးပြကို ကယ်တင်ခြင်း ပေးလိုက်တဲ့ အဆုံးအဖြတ်က သူ့ရဲ့ သဘောတော်ကို ရှင်းလင်းစွာ နားလည်စေတာ ဖြစ်တယ်။ လူ့အမြင်မှာ ရှင်ယာကုပ်ကျမ်း သဘောအရ အကျင့်မရှိတဲ့ အပြစ်သားဓါးပြ ဘယ်လိုမှ ကယ်တင်ခြင်း မရနိုင်ဘူးလို့ ယူဆကြပါတယ်။ သို့သော် အပြစ်သားဓါးပြဟာ ခရစ်တော်ကို အကြွင်းမဲ့ ယုံကြည်သောသူတယောက်ဖြစ်ပြီး သူ့ရဲ့ ယုံကြည်ခြင်းကို သက်သေထူခဲ့တာကို သူ့စကားအရ နံပါတ်တပ်ပြီး Faith and Deedလေ့လာကြ ပါစို့။

(၁) ̏လုကာ ၂၃း၄၀- သင်သည် ဤသူနည်းတူ ပြစ်ဒဏ်ခံလျှက်ပင် ဘုရားသခင် ကို မကြောက်သလော။̋ ဒီ စကားအရ ဘုရားသခင် ရှိနေကြောင်းကို သူယုံကြည်တယ်။ ဒီအချိန်မှာ ဘုရားသခင်ကို ကြောက်ပါပြီ၊ နောင်တရပါပြီ ဆိုတဲ့ သဘောကို ဖော်ထုတ် ၀န်ခံခဲ့ပါတယ်လို့ နားလည်ရပါတယ်။

(၂) ̏လုကာ ၂၃း၄၁ ငါတို့သည် ကိုယ်ပြုမိသော အပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ် အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်-̋ ဒီစကားအရ သူအပြစ် ရှိကြောင်းကို ၀န်ခံသလို၊ လွန်ကျူးမိတဲ့အပြစ်အတွက် ထိုက်တန်စွာ အပြစ်ပေး ခံရမယ် ဆိုတာကိုလည်း သိထားသူ ဖြစ်တယ် ဆိုတာကို ယုံကြည်ခြင်းနဲ့ ထုတ်ဖော် ၀န်ခံခဲ့တယ် ဆိုတာကို နားလည်ရပါ တယ်။

(၃) ̏ရှင်လုကာ ၂၃း၄၂ သခင် ကိုယ်တော်သည် နိုင်ငံတော် တည်လျှက် ကြွလာ တော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။̋ သခင် လို့ ခရစ်တော်ကို ခေါ်လိုက်ခြင်းဟာ သူ့ကိုယ်သူ နှိမ့်ချခြင်း ဖြစ်တယ်။ သခင် ယေရှုဟာ သေခြင်းမှ ကျိန်းသေ ရှင်ပြန်ထမြောက်မယ်။ သူ့ကတိအတိုင်း နောက် တဖန် ပြန်ကြွလာ အုံးမယ် ဆိုတာကို အကြွင်းမဲ့ ယုံကြည်ထားသူဖြစ်တယ်။ ပြီးတော့ သခင်ယေရှုဟာ အပြစ်လွှတ်ပိုင်တဲ့အရှင်၊ ကယ်တင်နိုင်တဲ့အရှင်၊ မေတ္တာရှင် ဖြစ်ကြောင်းကို အကြွင်းမဲ့ ယုံကြည်လို့ အကျွန်ုပ်ကို အောက်မေ့တော်မူပါလို့ အသနား ခံခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါကြောင့် သူ့ရဲ့ စကားတွေအားဖြင့် ယေရှုဟာ သခင် ဖြစ်တယ်လို့ ၀န်ခံနေသလို ဘုရားသခင်ဟာ သူ့ကို သေခြင်းမှ ရှင်ပြန်စေမယ် ဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်သူ ဖြစ်ပါတယ်။

ရောမ ၁၀း၉-၁၀ ဆိုတာကို လေ့လာ မိခဲ့ပြီးပြီ ဆိုတော့ ဓါးပြမှာ ယုံကြည်ခြင်းအကျင့်လဲရှိတယ် ဆိုတာကို ဆက်ပြီး လေ့လာကြပါစို့။ ယုံကြည်ခြင်းအကျင့်လို့ ဆိုရာမှာ အများ ခံယူထားတဲ့ ကောင်းသော အကျင့်၊ ဘုရားသခင် နှစ်သက်သော အကျင့်တွေပေါ့။ သို့သော် ဘုရားသခင်ကို ယုံကြည် တဲ့ သားသမီးတွေမှာ ကောင်းသော အကျင့် ရှိကြသလို မကောင်းတဲ့ အကျင့် လည်း ရှိတတ်ပါတယ်။ ကောင်းတာကို လုပ်တတ်ကြသလို မကောင်းတာကိုလည်း လုပ်မိ တတ်ကြပါတယ်။ ကောင်းတာကို လုပ်ချင်ပေမဲ့ မကောင်းတာကို လုပ်မိ လျက်သား ဖြစ်တတ်ကြတယ်။ ဒါတွေဟာ အပြစ်သားတိုင်းရဲ့ သဘာဝ ဖြစ်တယ်။ ဥပမာ ဒါဝိဒ်ဟာ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်သော်လည်း အပြစ် ကြီးတဲ့ ပြစ်မှု ၂ခုကို ကျူးလွန်ခဲ့တယ်။ ပရောဖက် နာသန်က သူ့အပြစ်ကို ဖော်ပြဆုံးမ တဲ့အခါ သူ အလွန် နောင်တရပြီး တောင်းပန်တယ်။ သူ့ရဲ့ မဟာ အမှား အတွက် ထိုက်တန်စွာ အပြစ်ပေး ခံရသော်လည်း ပြန်လည်၍ နောင်တရပြီး တောင်းပန် သောကြောင့် သေသည့်တိုင်အောင် ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ခွင့်ရှိတယ်။

ဒီ နေရာမှာ ဘုရားသခင်ရဲ့ သားသမီးများဟာ အပြစ်ပြုမိတဲ့ အခါခါတိုင်း နောင်တရတောင်းပန်တတ်တဲ့ အကျင့်ကို ဘုရားသခင် နှစ်သက်တယ် ဆိုတဲ့ ဘုရားရဲ့ သဘော တော်ကို လေ့လာမိမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကျင့် အားဖြင့် ဘုရားသခင် ဟာ ဖန်ဆင်းပိုင်သ အုပ်စိုးတဲ့ အရှင်ဖြစ်ကြောင်း၊ အပြစ် ပေးပိုင်သလို အပြစ် လွှတ်ပိုင်တဲ့ အရှင်ဖြစ်ကြောင်း၊ အပြစ်သားအပေါ်မှာ အစဉ် ခွင့်လွှတ်တဲ့ မေတ္တာရှင် ဖြစ်ကြောင်းကို သိမှတ် ယုံကြည်ဝန်ခံနေလို့ ဖြစ်တယ်။ ဒါကြောင့် နောင်တရ တောင်းပန်တတ်တဲ့ အကျင့်ဟာ ယုံကြည်ခြင်းမှ ဖြစ်ပေါ်လာတဲ့ ယုံကြည် ခြင်း အကျင့်တခုလို့ နားလည်ရပါတယ်။ ဒါကြောင့် ဓါးပြဟာ ကောင်းတဲ့အကျင့် မရှိသော်လည်း ယုံကြည်ခြင်းအကျင့် ရှိတယ်ဆိုတာ ထင်ရှားပါတယ်။

အကယ်၍သာ ခရစ်တော်ဟာ အဲဒီအချိန်မှာ သူ့ကို အသနားခံတဲ့ ဓါးပြကို ငြင်းပါယ်ခဲ့မယ်ဆိုရင် သူ့ကို ယုံကြည်မျှော်လင့်တဲ့ အပြစ်သားတွေ တယောက်မှ ကယ်တင်ခြင်းရနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ လမ်းလွှဲတဲ့ အပြစ်သားတွေဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကားတိုင်ပေါ်က ခရစ်တော် ယေရှုရဲ့ အပြစ်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းဟာ (၁) အပြစ်သားအားလုံးကို ကယ်တင်ဖို့ ကြွလာတဲ့ သတင်းကောင်းကို အတိအလင်း ကြေငြာလိုက်ခြင်း ဖြစ်တယ် လို့နားလည် ရပါတယ်။ (၂) သူ့ကို သခင် အဖြစ်ယုံကြည် ကိုးစားတဲ့ အပြစ်သားတွေ အတွက် ကယ်တင်ခြင်း စိတ်ချမှုရှိတယ်ဆိုတာကို သက်သေ ထူလိုက်တယ်လို့ နားလည် ရတယ်။ (၃) သူ့ရဲ့ ခွင့်လွှတ်ခြင်း မေတ္တာဂရုဏာကို တောင်းခံဘို့ နောက် ဆုံး စက္ကန့်အထိ အခွင့်အရေး ပေးနေသေးတယ်လို့ နားလည်ရပါတယ်။

ဒါကြောင့် ဘုရားသခင်ဟာ လူရဲ့ ကောင်းတဲ့ အကျင့်၊ မကောင်းတဲ့ အကျင့်အပေါ်မှာ မကြည့်ဘဲ သူ့ကို ဘယ်လောက်ယုံကြည်သလဲဆိုတဲ့ အကျင့်အပေါ်မှာသာ ကယ်တင်ခြင်း ပေးတယ် ဆိုတာ ရှင်းလင်းစွာနားလည်ရပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အလေ့ အလာ (သဘောတော်) ဘဲဖြစ်ပါတယ်။ လူအချို့ ပြောတတ်ကြတယ် ဓါးပြတောင် ကယ်တင်ခြင်း ရသေးတာဘ၊ဲ ငါတို့ကတော့ ပိုကျိန်းသေတာပေါ့ ဆိုတဲ့ အတွေး မျိုးနဲ့ ဘုရားသခင်ရဲ့ သနားခြင်းဂရုဏာတော်ကို မထီမဲ့မြင် မပြုပါနှင့်။ အပြစ်ကြီးကြီး သေးသေး၊ အပြစ်သားဟာ အပြစ်သားပါဘဲ ဆိုတာ နားလည်ပါ။ ဧဖက် ၂း၈-၉ ကို သေချာစွာ ဖတ်ဖို့ တိုက်တွန်းပါရစေ။

လူအချို့က ပြောတတ်ကြသေးတယ်။ ငါအသက်ရှင်တုန်း ငါလုပ်ချင်ရာ လုပ်မယ် သေခါနီးမှ ဓါးပြလို အသနားခံလိုက်မယ် ဆိုတဲ့ သဘောမျိုးနဲ့ ဘုရား သခင်ရဲ့ သနားခြင်းဂရုဏာကို မထီမဲ့မြင်ပြုပြီး အသက်မရှင်ပါနဲ့။ မိမိပြုတဲ့ အပြစ် အကြီးအသေး အပေါ်မူတည်ပြီး အပြစ်အဖိုးအခ ပေးတဲ့ ဖြောင့်မတ်တဲ့ ဘုရားသခင် ဆိုတာ သတိထားပါ။ ဂလာတိ ၆း၇-၈ ကို သေချာစွာ ဖတ်ဖို့ တိုက်တွန်းပါရစေ။

နောက်ဆုံးအနေဖြင့် ဘုရားသခင်ရဲ့ သဘောတော်ကို သေချာစွာ ပိုင်းခြား နားလည် ခြင်း အားဖြင့် ယုံကြည်ခြင်းနဲ့ အကျင့်ကို ခွဲခြားနားလည်နိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါ တယ်။ ဂလာတိ ၅း၅ငါတို့မူကား ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်ဟု မျှော်လင့်သော ကျေးဇူးတော်ကို ၀ိညာဉ်တော် အားဖြင့် ငံ့လင့်၍နေကြ၏။ ။

ဝန်ခံချက်၊ Judson Baptist Church Singapore ၏ သခင့်စကား ၀ိညာဉ်ရေးရာ စာစောင် ၂၀၁၄ ဖေဖော်ဝါရီလ ထုတ် အမှတ်စဉ် (၁၅၀) မှ ကူးယူတင်ပြထားပါသည်။

Ref:Calvary Burmese Church

Add your comment

Your email address will not be published.